DVB Logo
Home
မြန်မာသတင်း
ရောဂါဆိုးတွေကို ကာကွယ်ဆေးနဲ့ အလဲထိုးအနိုင်ယူကြစို့ - အောင်လအန်ဆန်း (ရုပ်သံ)
DVB
·
April 28, 2019
ရောဂါဆိုးတွေကို ကာကွယ်ဆေးနဲ့ အလဲထိုးအနိုင်ယူကြစို့ - အောင်လအန်ဆန်း (ရုပ်သံ)
Donate to DVB

ရောဂါဆိုးတွေကို ကာကွယ်ဆေးနဲ့ အလဲထိုးအနိုင်ယူကြစို့ လို့ အောင်လအန်ဆန်းက တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကာကွယ်ဆေးထိုး ရက်သတ္တပတ်လှုပ်ရှားမှုမှာ ပါဝင်ပြောဆိုလိုက်တာပါ။

ဒီဗွီဒီယိုကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတို့မှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာ တနှစ်ကို ကလေး ၁၈၀,၀၀၀ လောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အပြည့်အဝမရကြဘူး” လို့ အောင်လအန်ဆန်းက ပြောပါတယ်။

အဲဒီကလေးအများစုက စစ်ပွဲဖြစ်တဲ့ဒေသတွေမှာ နေထိုင်ကြတယ်လို့လည်း သူက ပြောထားပါတယ်။

နှစ်တိုင်း ဧပြီလရဲ့ ၂၄ ရက်ကနေ ၃၀ ရက်အထိကို  ကာကွယ်ဆေးထိုးရက်သတ္တပတ် အဖြစ် တကမ္ဘာလုံးမှာ ပြုလုပ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေအပေါ်မှာ လျော့ကျလာတဲ့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကို ပိုမိုမြှင့်တင်နေတာပါ။

ကာကွယ်ဆေးကြောင့် ရောဂါဖြစ်တာ နည်းလာတဲ့အခါ ကာကွယ်ဆေးကို အပိုအလုပ်အဖြစ် မြင်လာကြတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ကာကွယ်ဆေးလွှမ်းခြုံမှုက ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်ရှိပေမယ့် ကလေးတိုင်း ကာကွယ်ဆေးရဖို့က အဓိက အခက်အခဲ နှစ်ခုရှိနေပါတယ်။

ပထမအခက်အခဲကတော့ နယ်မြေမငြိမ်းချမ်းတဲ့ နေရာဒေသတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ ဘာသာစကားအခက်အခဲတွေကြောင့် အဲဒီဒေသတွေမှာ နေထိုင်နေတဲ့ ကလေးတွေဆီ လက်လှမ်းမမီ မရောက်ရှိနိုင်ပါဘူး။

နောက်တခုကတော့ နေရာဒေသ မကြာခဏရွှေ့ပြောင်းနေထိုင်ကြတဲ့ လူအုပ်စုတွေဆီကို ရောက်ရှိဖို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013