DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရန် တောင်းဆို
DVB
·
October 29, 2012
Donate to DVB

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို အာဏာတိုးမြှင့်ပေးဖို့နဲ့ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေသူတွေကို အရေးယူဖို့ ဒီမိုကရေစီမိတ်ဆွေပါတီများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ရခိုင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ နိုင်ငံအတွင်း အခြားဒေသတွေဆီ မပျံ့နှံ့ဖို့နဲ့ အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့အစည်းကို အထောက်အပံ့ဖြစ်စေမယ့် လုံခြုံရေး အာဏာပေးဖို့ကို တောင်းဆိုထားပါတယ်။

ဒီမိုကရေစီမိတ်ဆွေပါတီများထဲမှာ ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်က “ပြဿနာတခုခုဖြစ်လာခဲ့ရင်၊ အများနဲ့ဆိုင်တဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေ ဖြစ်လာတဲ့အခါမျိုးမှာ အဲဒါတွေကို အတိုင်းအတာ တခုထက် ကျော်လွန်ပြီးတော့ ပြည်သူလူထုရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မယ်ဆိုရင် သက်ဆိုင်ရာအစိုးရများက ကာကွယ်ရတယ်၊ ထိန်းသိမ်းရတယ်။ ထိန်းသိမ်းတဲ့နေရာမှာ စစ်တပ်က ယူနီဖောင်းကြီးတွေ တကားကားနဲ့ မလုပ်ရဘူး။ Aid to civilian power ဆိုတာ ရဲတို့၊ လုံခြုံရေးတို့က မလုပ်နိုင်ရင် ဒါကို ကူညီဖို့ တပ်ကို အကူအညီတောင်းရတယ်။ သို့သော် တပ်က အရပ်ဘက်အုပ်ချုပ်ရေးရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိရတယ်” လို့ ပြောပါတယ်။

တည်ငြိမ်အေးချမ်းဖို့အတွက် စစ်တပ်ကို အသုံးပြုမယ်ဆိုရင် အဲဒီစစ်တပ်ဟာ အရပ်ဘက် အုပ်ချုပ်ရေးအောက်မှာ ရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ရခိုင်အရေး ကိစ္စမှာ အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်လုပ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ကိုလည်း ဦးမျိုးညွန့်က ထောက်ပြ ပြော ဆိုပါတယ်။

“တချို့ကိစ္စတွေက မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုတယ်။ မြန်မြန်လုပ်ဖို့လိုတာကို မလုပ်ရင် ဟန့်တားနိုင်လျက်သားနဲ့ မဟန့်တားဖြစ်တာတွေ ဖြစ်သွားနိုင်တယ်။ လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေ မရှိရင်လည်း အဲလိုဖြစ်သွားနိုင်တယ်။ မလိုအပ်ဘဲနဲ့ ပြဿနာတွေ ဖြစ်သွားနိုင် တယ်။ ဒါကြောင့် လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေကို မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်စုံစုံလုပ်ဖို့ပါ ကျနော်တို့ဖြစ်စေချင်တာက ဒါပါ။ ဘာသာရေး၊ လူမျိုးရေးကိစ္စ ဘာမှမရေးဘူး၊ ဒါကို တော်တော်သတိထားတယ်။ ဖြစ်နေတဲ့ ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးအတွက် လုံခြုံရေးသေချာလုပ်ပါ။ အုပ်ချုပ်ရေးရှုထောင့်ကြည့်ရင်လည်း အုပ်ချုပ်ရေးကိစ္စများကို တင်းတင်းကျပ်ကျပ် လုပ်ပါလို့ ပြောချင်ပါတယ်။”

ဒီမိုကရေစီမိတ်ဆွေများပါတီက မထုတ်ပြန်ခင် ရက်ပိုင်းအတွင်းက နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က အကြမ်းဖက်မီးရှို့မှုဖြစ်စဉ် နောက်ကွယ် က ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်း အမြန်ဆုံးဖော်ထုတ် အရေးယူမယ်လို သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013