DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြို့ ၃ မြို့တွင် အပူချိန်စံချိန်တင်မြင့်တက်၊ တာဝန်ရှိသူများ  ကျန်းမာရေး သတိပေး
DVB
·
April 28, 2019
ဧရာဝတီတိုင်း မြို့ ၃ မြို့တွင် အပူချိန်စံချိန်တင်မြင့်တက်၊ တာဝန်ရှိသူများ  ကျန်းမာရေး သတိပေး
Donate to DVB

ဧရာဝတီတိုင်းအတွင်းက မြို့သုံးမြို့မှာ အပူချိန် စံချိန်တင် မြင့်တက်နေတာကြောင့် ကျန်းမာရေးအရ တာဝန်ရှိသူတွေက သတိပေး နှိုးဆော်တာတွေ ပြုလုပ်နေပါတယ်။

ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ ဖျာပုံ နဲ့ လပွတ္တာမြို့တွေမှာ မကြာခင်ရက်ပိုင်းကပဲ အပူချိန်စံချိန်ကျိုးပြီး မှတ်တမ်းအသစ်တင်ခဲ့ပါတယ်။ ပုသိမ်မှာတော့ နှစ်ပေါင်း ၇၃ နှစ်အတွင်း အပူချိန်အမြင့်ဆုံးကိုရောက်ရှိခဲ့တာပါ။ စံချိန်သစ်အနေနဲ့ ပုသိမ်က ၄၁.၈ ဒီဂရီစင်တီဂရိတ် ဖျာပုံက ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ လပွတ္တာက ၄၀.၅ ဒီဂရီစင်တီဂရိတ်ကို အသီးသီး ရောက်ရှိခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ကတော့ ဆေးရုံတွေမှာ ကုသရေးအတွက် ကြိုတင်ပြင်ဆင်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဌာန website facebook နဲ့ ရေဒီယို ရုပ်မြင်သံကြား နဲ့သတင်းစာတွေ အပူဒဏ်ကာကွယ်ရေးနှိုးဆော်အသိပညာ ပေးတာတွေ လုပ်ဆောင်နေပြီး ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာလည်း ရပ်ရွာအထိ နှိုးဆော် အသိပေးတာတွေလုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနနဲ့လည်း အပူဒဏ်ကာကွယ်ရေး နှိုးဆော်သတိပေးတာတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

အပူချိန်အနေနဲ့ အရင်နှစ်ကထက် အနည်းငယ့်မြင့်တက်ခဲ့ပြီး အယ်နီညိုရာသီဥတု အခြေအနေမှာ ရှိနေပါတယ်။ မုတ်သုံမဝင်ရောက်ခင်အချိန်ထိတော့ အပူချိန်ဆက်လက် မြင့်မားနိုင်ပြီး မေလတတိယပတ်လောက်မှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို မုတ်သုံ စတင်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013