DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြင်းကြောင့် ရခိုင်စစ်ဘေးရှောင်များ နေထိုင်ရေး စိုးရိမ်နေ
DVB
·
April 28, 2019
ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြင်းကြောင့် ရခိုင်စစ်ဘေးရှောင်များ နေထိုင်ရေး စိုးရိမ်နေ
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်နေကြပါတယ်။

ကျောက်တော်မြို့နယ် ၀ါးတောင်ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ဦးဆန်းထွန်းက “မုန်တိုင်း ဝင်လာမယ့်လို့ သတင်းတွေအရ သိရတာပေါ့။ အခုစစ်ဘေးရှောင် စခန်းတွေ ကလေးတွေရော၊ လူကြီးတွေရော နေတာထိုင်တဲ့ တဲတွေကအစ ပြင်ဆင်ထားတာ တွေ မရှိပါဘူး။ တကယ်လို့များ အခက်အခဲတွေဖြစ်ရင် ကလေးတွေကအစ အင်မတန် စိုးရိမ်စရာ ရှိနေပါတယ်။ ဒါကို သက်ဆိုင်ရာအစိုးရတွေက ကူညီပေးဖို့လိုပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရကတော့ မုန်တိုင်းဝင်ရောက်လာပါက စစ်ဘေးရှောင်ဒုက္ခသည် တွေအတွက် လက်တလော ပြင်ဆင်ထားတာမရှိပေမယ့် ဖြစ်ပေါ်လာတဲ့ အပေါ် အမြန်ဆုံးတုံ့ပြန် လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က လက်တလော ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်အတွက် ကျနော်တို့ကြိုတင်ပြင်ဆင်ထားတာတော့ မရှိပါဘူး။ ရာသီအလိုက် မိုးတွင်းကာလကတော့ စီစဉ်ထားတာရှိပါတယ်။ ဒါပေမယ့် ဖြစ်ပေါ်လာမယ့် အခြေအနေအပေါ် မှုတည်ပြီးတော့ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဝံလက်ဖောင်ဒေးရှင်းအဖွဲ့ ဒါရိုက်တာဦးခိုင်ကောင်းစံက “ကျနော်ထင်တယ်။ ဒုက္ခသည်တွေ အတွက်ရယ်လို့ သတ်သတ်မှတ်မှတ် လုပ်နေကြတာတော့ မတွေ့ဘူး။ တကယ်လို့သာ မုန်တိုင်းဟာ ရခိုင်ဘက်ကိုသာ ဖြစ်လာမယ်ဆိုရင်တော့ ဒုက္ခသည်တွေအတွက်တော့ ကံတော်တော်ဆိုးတယ်လို့ပဲ ကံကိုပဲ ယိုးမယ်ဖွဲ့ရမလို့ဖြစ်နေ တယ်ပေါ့နော်။”

ဒီလို စစ်ဘေးသင့်ပြည်သူအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့နဲ့ အခြေနေတွေကို ပိုမိုကောင်းမွန်လာဖို့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ ပိုမိုဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်လောက်မှာ စစ်ဘေးရှောင် ပြည်သူ ၃ သောင်းကျော်ရှိလာနေတာပါ။

မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကနေ အ ရှေ့မြောက်ဘက်ကို ဦးတည်ရွေ့လျှားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ ၃-၉ ရက်အတွင်း ဖြတ်ကျော်ဝင်ရောက်ဖွယ်ရှိတယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ မုန်တိုင်းရဲ့ စက်ကွင်းအတွင်း ကျ ရောက်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ  နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး လေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ သတိပြုကြဖို့ မိုးဇလက  ဒီနေ့မနက် သတင်းထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်ကို ဦးတည် ရွေ့လျားမယ့် အခြေအနေမရှိသေးလို့ အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013