DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနား မုံရွာတွင် ကျင်းပ
DVB
·
April 28, 2019
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနား မုံရွာတွင် ကျင်းပ
Donate to DVB

နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဧပြီ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနားကို တတိယအကြိမ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ဦးဆောင်ကာ မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းက ၂၀၀၃ ခုနှစ်ကစတင်ကာ ကမ္ဘာတဝှမ်းမှာ လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆ ထိခိုက်မှု၊ ရောဂါခံစားရမှုတွေ ကြိုတင်ကာကွယ်ရေးကို အဆင့်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး သတ်မှတ်ခဲ့တာပါ။

ဒီအခမ်းအနားကို မြန်မာနိုင်ငံမှာတော့ တတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ဒီနေ့မှာ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်တို့မှာ တပြိုင်နက်တည်း ကျင်းပနေကြတာဖြစ်ပါတယ်။

ဒီအခမ်းအနားကို စစ်ကိုင်းတိုင်း အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူတွေ၊ အလုပ်ရှင်တွေ၊ အလုပ်ရုံတွေက ကိုယ်စားလှယ်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

“ILO နဲ့ပူးပေါင်းပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးတို့ကို အလုပ်သမား၊ အလုပ်ရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ လုပ်ဆောင်တာပါ။ လက်ရှိမှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်လို့ အသိပညာ အားနည်းနေပါသေးတယ်။ အလုပ်သမားတွေရပိုင်ခွင့် ဥပဒေအတိုင်း ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိဖို့၊ လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်ဖို့ပါ” လို့ ဒုတိယညွှန်ကြားရေးမှု ဦးအောင်ကျော်ဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

စစ်တမ်းတွေအရ ကမ္ဘာတဝှမ်းရှိ လုပ်ငန်းခွင်တွေမှာ လူငယ်အလုပ်သမားတွေ မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှုန်းက လူကြီးအလုပ်သမားတွေထက် ၄၀ ရာခိုင်နှုန်း ပိုများနေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန ခရိုင်ရုံး ၅ ရုံးဖွင့်ထားပြီး စက်ရုံအလုပ်ရုံပေါင်း ၂၂၄၇ ရုံ၊ အလုပ်ဌာနပေါင်း ၇၄၁၇ ခုနဲ့ အလုပ်သမား ၃၄၀၀၀ နီးပါးရှိပါတယ်။ သစ်အခြေခံလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတွေ အများဆုံးရှိတယ်လို့ ဆိုပါတယ်။

အရင်နှစ်က လစဉ်စစ်ဆေးမှုတွေအတွင်း အမှု ၆ ခုရှိခဲ့ပြီး ဒီနှစ်မှာတေ့ ၅ မုသာရှိတယ်လို့ ဆိုပါတယ်။ ဌာနက စစ်ဆေးခွင့်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာတော့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် သေဆုံးမှု မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ လစာ၊ နည်းပညာ၊ အလုပ်ချိန်တွေနဲ့ပတ်သက်လို့ အလုပ်ရှင် အလုပ်သမားပြဿနာတွေလည်း များစွာဖြစ်ပေါ်နေဆဲဖြစ်ပြီး အလုပ်သမားအခွင့်အရေးတွေ များစွာဆုံးရှုံးနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013