DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် ညီအစ်မ ၂ ဦး ဆွဲကြိုးချသေဆုံး
DVB
·
April 28, 2019
ခင်ဦးမြို့နယ်တွင် ညီအစ်မ ၂ ဦး ဆွဲကြိုးချသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ ညီအစ်မ ၂ ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၇ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ခင်ဦးမြို့နယ်၊ မြေနီသျှိုကျေးရွာရဲ့ အရှေ့ဘက် ၁ မိုင်လောက်အကွာရှိ ဦးညိုဝင်းရဲ့ ယာတောတဲ ကွပ်ပျစ်ပေါ်နဲ့ အမြင့် ၁၂ ပေလောက်ရှိ တဲခေါင်ထုတ်တန်းတို့မှာ မရီဝင်း (၂၇) နှစ်နဲ့ညီမ မအိဝါ ၂၃ နှစ်တို့ ၂ ဦး ပြင်ပဒဏ်ရာမရှိဘဲ ဆွဲကြိုးချသေဆုံးနေတာကို တွေ့ရှိခဲ့လို့ ခင်ဦး ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ဧပြီလ ၂၆ ရက်နေ့ ၁၃း၀၀ အချိန် ညီအစ်မ ၂ ဦးဟာ ကွမ်းခြံကိစ္စနဲ့ စကားများရန်ဖြစ်ကြပြီး မအိဝါဟာ နေအိမ်မှ ထွက်ခွာသွားပြီး အစ်မဖြစ်သူ မရီဝင်း လိုက်လံရှာဖွေဖို့ နေအိမ်က ထွက်သွားပြီးနောက် အခုလို ဆွဲကြိုးချ သေဆုံးနေတာကို ဖခင် ဦးညိုဝင်းက တွေ့ရှိခဲ့တာပါ။

ညီအစ်မ ၂ ဦး ဆွဲကြိုးချ သေဆုံးမှုနဲ့ ပတ်သက်ပြီး ခင်ဦးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013