DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်စီမံကိန်းသစ် ၇ ခု အကောင်အထည်ဖော်ဆောင်
DVB
·
October 29, 2012
Donate to DVB

အစိုးရက စက်မှုဇုန်စီမံကိန်းအသစ် ၇ ခုကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေ တယ်လို့ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ဘုရားသုံးဆူ၊ ဘားအံနဲ့ မြ၀တီစက်မှုဇုန်၊  မန္တလေးတိုင်းမှာက တပ်ကုန်းနဲ့ ရတနာပုံစက်မှုဇုန်၊ ရှမ်းပြည်နယ်မှာ နမ့်အွန်စက်မှုဇုန်၊ ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်း စက်မှုဇုန်တွေ ဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန အသေးစားနဲ့ အလတ်စား ဗဟိုဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောပါတယ်။

စက်မှုဇုန်တွေကို နေရာရွေးချယ်ရာမှာ  ဒေသဖွံ့ဖြိုးမှုရှိတဲ့နေရာ၊ လမ်းပန်း ဆက်သွယ်ရေးလည်း အဆင်ပြေမယ့်နေရာ၊ ကုန်ကြမ်းလည်း ရနိုင်မယ့်နေရာ၊ ကုန်ချောလည်း ပြန်ပို့ဖို့ အဆင်ပြေမယ့်နေရာတွေကို ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။

“ကျမတို့ နိုင်ငံက နည်းပညာပိုင်းလည်း သိပ်မမြင့်သေးတော့ လူ့စွမ်းအားရယ်၊ လူကို အခြေပြုတဲ့ ထုတ်ကုန်တွေပဲ များသောအားဖြင့် တည်ထောင်ပါသေးတယ်။ ဘားအံ ဒေသက ကရင်ပြည်နယ်မှာဆိုရင် နယ်စပ်ဘက် ယိုစီးတဲ့ အလုပ်သမားတွေက ပိုများတဲ့အတွက် အဲနေရာမှာ အလုပ်အကိုင် အခွင့်အလမ်းပေါအောင်၊ ကိုယ့်ဘက်ပြန်လာ အလုပ်လုပ်နိုင် အောင်ပေါ့။ တချို့လည်း ဟိုမှာ ဒုက္ခရောက်တာရှိတယ်၊ ဒါနဲ့ စအကောင်အထည်ဖော်တာပါ။ ဘားအံကတော့ ရှေ့ပိုပြေးတယ်။ ရတနာပုံကတော့ နည်းပညာပိုင်းနဲ့ ဆိုင်တဲ့ စက်ရုံတွေ ရှိတယ်။ နဂိုကတည်းက အိုင်တီအထူးလုပ်ထားတာပေါ့။”

ဒီစက်မှုဇုန်တွေကို သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးကို အာရုံစိုက် ရွေးချယ်တယ် လို့ ဒေါ်အေးအေးဝင်းက ပြောပါတယ်။

စက်မှုဇုန်တွေကို နိုင်ငံတော်က ဆုံးဖြတ်သတ်မှတ် ခဲ့တာဖြစ်ပြီး ဒေသ အာဏာပိုင်တွေက မြေကွက်ဖော်တာနဲ့ ရောင်းချတာတွေကို လုပ်တယ်လို့ ရှင်းပြပါတယ်။ အခုဖော်ဆောင်နေတဲ့ စက်မှုဇုန်တွေဟာ အထည်ချုပ်နဲ့ ရေလုပ်ငန်းလို လုပ်ငန်းတွေ ဖွံ့ဖြိုးလာစေပြီး ပြည်ပကို လုပ်သားယိုဖိတ်မှုကို တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ ရှင်းပြပါတယ်။

၂၀၀၉ ခုနှစ်ကုန်ပိုင်း စက်မှုဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ထားဝယ်၊ ကျောက်ဖြူနဲ့ ရန်ကုန်တိုင်းထဲက သီလ၀ါတို့မှာ အထူးစီးပွားရေးဇုန် ၃ ခုကို အကောင်အထည်ဖော်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013