DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အပါအ၀င် မြို့ပေါင်း ၂၀ ခန့် အပူချိန် စံချိန်သစ်တင်
DVB
·
April 28, 2019
ရန်ကုန်အပါအ၀င် မြို့ပေါင်း ၂၀ ခန့် အပူချိန် စံချိန်သစ်တင်
Donate to DVB

ဧပြီ ၂၆ ရက်က ရန်ကုန်အပါအဝင် မြို့ ၆ မြို့မှာ အပူချိန် စံချိန်သစ်တွေ တင်ခဲ့ပြီး ဒီနှစ်အတွင်း မြို့ပေါင်း ၂၀ လောက်ဟာ အရင်စံချိန်တွေချိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လကစလို့ အပူချိန် စံချိန်သစ်တွေတင်လာခဲ့ပြီး ဘီးလင်းမြို့မှာ စံချိန်သစ် ၃ ကြိမ်၊ ပုသိမ်၊ ဖျာပုံ၊ တောင်ငူနဲ့ ရေးမြို့တို့က စံချိန်သစ် ၂ ကြိမ်တင်ခဲ့တာပါ။

မတ် ၂၂ ရက်မှာ ရေးမြို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်က စံချိန်ကိုချိုးခဲ့သလို မတ် ၂၄  ရက်က ဖြူးမြို့မှာ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ပါတယ်။

မတ် ၂၆ ရက်မှာ လွိုင်လင်နဲ့ တောင်ငူမြို့တို့မှာ စံချိန်သစ်တင်ပြီး ဧပြီ ၁၀ ရက်မှာ သံတွဲ၊ ဧပြီ ၁၁ ရက်မှာ ဖျာပုံ၊ ဧပြီ ၁၆ ရက်မှာ ဟဲဟိုးမြို့တို့က စံချိန်ဟောင်း အပူချိန်တွေကို ချိုးခဲ့ပါတယ်။

ဧပြီ ၁၉ ရက်က ရခိုင်ပြည်နယ် အမ်းမြို့မှာ အပူချိန်စံချိန်သစ်တင်ပြီး အရင်စံချိန်ဟောင်း ထက် ၂ ဒီဂရီ စင်တီဂရိတ်လောက် ပိုတာကြောင့် စံချိန်သစ်တင်တာတွေထဲမှာ အများဆုံး ဖြစ်ပါတယ်။

ဧပြီ ၂၂ ရက်မှာ ပုသိမ်၊ ၂၃ ရက်မှာ ဘီးလင်းမြို့တို့ အပူချိန်စံချိန်သစ်တင်ပြီး ဧပြီ ၂၄ ရက်မှာတော့ ပုသိမ်နဲ့ ဘီးလင်းတို့က ထပ်ပြီး စံချိန်သစ်တင်ပါတယ်။

ဧပြီ ၂၅ ရက်မှာ ကြို့ပင်ကောက်၊ ခရမ်း၊ ပဲခူး၊ ရေးနဲ့ သထုံမြို့တို့မှာ အပူချိန် စံချိန်တင်သလို ဖျာပုံနဲ့ တောင်ငူမြို့မှာ စံချိန်သစ်ထပ်တင်ပြီး ဘီးလင်းက တတိယအကြိမ် စံချိန်ထပ်တင်ပါတယ်။

ဧပြီ ၂၆ ရက်မှာတော့ တောင်ငူ လေကြောင်းမိုးလေဝသစခန်း၊ ကြို့ပင်ကောက်၊ ရန်ကုန်ကမ္ဘာအေး၊ မှော်ဘီ စိုက်ပျိုးရေး မိုးလေဝသစခန်းနဲ့ လပွတ္တာတို့မှာ အပူချိန် စံချိန်သစ်တွေတင်ပြီး ရေးမြို့မှာတော့ ဒုတိယအကြိမ် စံချိန်ထပ်ချိုးပါတယ်။

အခုဧပြီလထဲမှာ တိုင်းနဲ့ပြည်နယ်တော်တော်များများဟာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ပိုပြီး များနေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013