DVB Logo
Home
မြန်မာသတင်း
ဝ ဥ၊ ထောပတ်သီးနှင့် ကော်ဖီ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်းရန် ဒုသမ္မတ တိုက်တွန်း
DVB
·
April 28, 2019
ဝ ဥ၊ ထောပတ်သီးနှင့် ကော်ဖီ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်းရန် ဒုသမ္မတ တိုက်တွန်း
1 / 3
Donate to DVB

‘ဝ’ ဥ၊ ထောပတ်သီးနှင့် ကော်ဖီတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ပြီး ဈေးကွက် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဖို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းလိုက်ပါတယ်။

ချင်းပြည်နယ် ရောက်ရှိနေဟာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ တာဝန်ရှိ သူတွေနဲ့ ဧပြီ ၂၆ရက် ညနေ ပိုင်းက ကန်ပက်လက်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ “ကန်ပုလဲ” ‘ဝ’ဥ နဲ့ တောင်ပေါ်သီးနှံများ အခြောက်ခံခြင်းနှင့် တန်ဘိုးမြှင့်ထုတ်ကုန် လုပ်ငန်းကို ရောက်ရှိစဉ် ပြောကြားခဲ့တာပါ။

ဒုသမ္မတက ‘ဝ’ဥ၊ ထောပတ်သီးနဲ့ ကော်ဖီတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ပြီး ဈေးကွက် တင်ပို့ရောင်းချနိုင်ရေး၊ ဈေးကွက်ကို တတ်နိုင်သမျှ ထိန်းညှိဆောင်ရွက် သွားနိုင်ရေး၊ ချင်းပြည်နယ် ထွက်ကုန်ပစ္စည်းတွေကို အစုအဖွဲ့ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ အသေးစားနဲ့ အလတ်စား စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းတွေအတွက် လိုအပ်သော အရင်းအနှီး ချေးငွေထုတ်ချေးပေးနိုင်ရေးတို့အတွက် ပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ‘ဝ’ဥ ကို မတူပီ၊ မင်းတပ်နဲ့ ပလက်ဝမြို့နယ်တွေမှာ အများဆုံး စိုက်ပျိုး ပါတယ်။

ဒုသမ္မတဟာ မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ Hornbill ကော်ဖီထုတ်လုပ်ရေး စက်ရုံကိုလည်း သွားရောက်ခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိ ကမ္ဘာ့ အဆင့်မီ ကော်ဖီမျိုးအား အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွာမယ်လို့ ပြောပါတယ်။

နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် အရည်အသွေးမြင့်ကော်ဖီတွေ ထုတ်လုပ်ပြီး အဆင့်မီထုတ်ပိုးမှုစနစ်တွေနဲ့ နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်ရေး ကြိုးပမ်းဖို့ တိုက်တွန်းသွားပါတယ်။

ဒုတိယသမ္မတနဲ့အဖွဲ့ ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းက မင်းတပ်ခရိုင်၊ ကန်ပက်လက် မြို့နယ်ရှိ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ကိုလည်း သွားရောက်ပြီး ဥယျာဉ်အတွင်း ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ထားမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

သန့်ရှင်းရေးနဲ့ ဂေဟစနစ်တွေ ပျက်စီးမှု မရှိစေရေး၊ ရှားပါးမျိုးစိတ်တွေ ဌာနဆိုင်ရာနဲ့ ဒေသခံ ပြည်သူတွေက ယဉ်ကျေးမှု အမွေအနှစ် တခုအဖြစ် ထိန်းသိမ်းစောင့် ရှောက်သွားဖို့ မှာကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013