DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်စီမံကိန်း ကုမ္ပဏီနှင့်ဒေသခံများ တွေ့ဆုံ
DVB
·
October 29, 2012
လက်ပန်းတောင်းတောင်စီမံကိန်း ကုမ္ပဏီနှင့်ဒေသခံများ တွေ့ဆုံ
1 / 2
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေက ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် သွားမယ် လို့ ပြောကြားလိုက်ပါတယ်။

မုံရွာခရိုင် ဆားလင်းမြို့နယ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ  တာဝန်ရှိသူတွေ က ဒေသခံတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

[caption id="attachment_32470" align="alignright" width="300" caption="ကြေးနီစီမံကိန်းတာဝန်ရှိသူတွေနဲ့ ဒေသခံရွာသားများ ဆားလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံစဉ် (ဓာတ်ပုံ- အောင်နေမျိုး)"][/caption]

ဒီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက တောင်းဆိုတဲ့အတွက် မန္တလေး မြ၀တီမင်းကြီး စာသင်တိုက်က ဆရာတော်ကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲမှာ စီမံကိန်းက အာဏာပိုင်တွေနဲ့ ဒေသခံ တောင်သူတွေအပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့လည်း ပါဝင်ပါတယ်။

ဒေသခံတွေ တောင်းဆိုထားတဲ့ လက်ပန်းတောင်းတောင် ကြေနီးစီမံကိန်း ရပ်ဆိုင်းဖို့ မရှိဘဲ ဆက်လုပ်သွားဖို့ရှိတယ်လို့ အာဏာပိုင်တွေက ပြောကြောင်း တွေ့ဆုံပွဲကို သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“ကျန်းမာရေးကိစ္စတွေ သူတို့ဆီမှာ လာရောက်ကုသတာမရှိဘူးတဲ့။ အက်ဆစ်တွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်၊ ကလေးသူငယ်တွေ ဒုက္ခရောက်ရတယ်၊ ရေတွေသောက်သုံးပြီး ၀မ်းတွေလျှောတယ်၊ ဦးနှောက်မှတ်ဥာဏ်တွေ ထိခိုက်တာ မဟုတ်ဘူးတဲ့။ သတ္တုတွင်းဝန်ကြီးကလည်း ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး အထက်က စေခိုင်းတဲ့အတွက် ဆက်လုပ်မှာတဲ့။ ဒါတွေက ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တုန်းက ၀မ်ကြားပေါင်တို့၊ ဟူကျင်တောင်တို့နဲ့ လက်မှတ်ထိုးပြီးသား ကိစ္စဖြစ်လို့ မရွှေ့ပြောင်းဘူး၊ မလုပ်ပေးနိုင်ဘူးတဲ့ ဆက်လုပ်မှာပဲတဲ့။ လျော်ကြေးတွေလည်း အများကြီး မြန်မာငွေနဲ့ သန်းပေါင်း ၁ သောင်းကျော် ပေးထားပြီးဖြစ်လို့ ဆက်လုပ်မှာပဲတဲ့။”

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ထုတ်လုပ်မှု ရပ်နားထားပြီး ပြည်ထောင်စုအစိုးရက ဆုံးဖြတ်တဲ့အတိုင်းပဲ ဖြစ်မယ်လို့ ပြောပါတယ်။

“ဆက်လုပ်မှာလားဆိုတော့ သက်ဆိုင်ရာ ကြေးနီကုမ္ပဏီ၊ ဦးပိုင်လည်း ပြည်ထောင်စုအစိုးရရဲ့ မူအတိုင်းပေါ့၊ သို့သော်လည်း လောလောဆယ် ဘာမှ တခြားလုပ်ငန်း လုပ်လို့မရသေးပါဘူး။ တခြား ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ငန်းလုပ်မရသေးပါဘူး။ မြေစာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့တွေလည်း ပြောပါတယ်။ ဒီကတောင်သူတွေကို တင်ပြကြပါ။ သူတို့လည်း အထက်အမိန့်အရ ဆောင်ရွက်နေတာဖြစ်တယ်လေ။ အတတ်နိုင်ဆုံး အလွတ်ကင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်နေကြပါတယ်။ ဒီလောက်ပဲပြောပါရစေ။”

လက်ပန်းတောင်းတောင် ၃၃ လုံးကို တပ်မတော်ပိုင် စီးပွာရေးဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အမျိုးသားပိုင် ၀မ်ပေါင်ကုမ္ပဏီကနေ ကြေးနီစီမံကိန်း တောင်ဖြိုပြီး ထုတ်လုပ်နေတာတွေ၊ ဒေသခံတောင်သူတွေပိုင် ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက် မြေဇာတွေကို စွန့်ပစ်တဲ့အတွက် အငြင်းပွားနေ တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013