DVB Logo
Home
မြန်မာသတင်း
ကလေးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စို့ ကမ်ပိန်း ပြုလုပ်
DVB
·
April 28, 2019
ကလေးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စို့ ကမ်ပိန်း ပြုလုပ်
1 / 10
Donate to DVB

ကလေးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စို့ ကမ်ပိန်းကို ဧပြီလ ၂၇ ရက်နေ့က လှည်းတန်းစင်တာဘေးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ကလေးသူငယ်တွေဟာ နောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာတွေရှိသလို ငယ်ငယ်က အကြမ်းဖက်ခံရတဲ့ ကလေးသူငယ်တွေဟာ အသက်ကြီးလာရင် ပြန်လည်အကြမ်းဖက်လိုစိတ် ရှိလာတတ်တယ်၊ ကလေးသူငယ်တွေကိုဆုံးမရင် ရိုက်နှက်ဆုံးမတာမျိုး မလုပ်ဘဲ မေတ္တာနဲ့ပဲ ဆုံးမစေချင်တယ်၊ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုတွေ လျော့နည်းလာဖို့အတွက် အခုလို ကမ်ပိန်းတွေပြုလုပ်ရတာ” လှုမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ပြောပါတယ်။

၁၉၉၃ ခုနှစ်တည်းက တည်ဆဲကလေးသူငယ် ဥပဒေရှိပေမယ့်လည်း ပိုမိုပြည့်စုံတဲ့ ပြဋ္ဌာန်းချက် ဖြစ်ဖို့အတွက် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသစ်ကို လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြန်လည်ရေးဆွဲခဲ့ပြီး မကြာခင် ဥပဒေ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေအတွက် အသေးစိတ်ပြစ်မှု ပြစ်ဒဏ်တွေ၊ ထိရောက်တဲ့ ပြစ်ဒဏ်တွေအဖြစ် ပြောင်းလဲသတ်မှတ် ပြဋ္ဌာန်းထားတယ်လို့ ဒေါက်တာ ကေသီကျော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013