DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့နယ်တွင် အမျိုးသမီးတဦး တကိုယ်တော်ဆန္ဒပြ
DVB
·
April 27, 2019
ပုသိမ်မြို့နယ်တွင် အမျိုးသမီးတဦး တကိုယ်တော်ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် နတ်ပြည်ချောကျေးရွာက အမျိုးသမီးတဦးဟာ လယ်ယာမြေအမှုနဲ့ပတ်သက်ပြီး ပုသိမ်မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ဧပြီလ ၂၆ ရက်နေ့ မနက်က တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

နတ်ပြည်ချောကျေးရွာက သူမတို့မိသားစုပိုင်တို့ပိုင် ဥယျာဉ်ခြံမြေတွေကို စီမံကိန်းအကြောင်းပြ သိမ်းယူခဲ့သူဆီကနေ ထပ်ဆင့်ဝယ်ယူထားသူက သူမအဖေအပါအဝင် တောင်သူ ၈ ဦးကို ပုသိမ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး တရားရုံးကလည်း ဖျက်ရာပြင်ရာတွေနဲ့ တင်ပြတဲ့သက်သေခံ မြေစာရင်းပုံစံ ၁၀၅ ကို အနိုင်ပေးဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"အဂတိလိုက်စားမှုတွေနဲ့ စာရွက်စာတမ်းအတုပြုလုပ်ပြီး ပြင်ရာဖျက်ရာတွေနဲ့ တင်ပြတာကို တရားရုံးကအနိုင်ပေး ဆုံဖြတ်ခဲ့တဲ့အတွက်ကြောင့် မူလတောင်သူတွေနေထိုင်တဲ့ အဆောက်အဦကို ဥယျာဉ်ခြံမြေထဲက ဖယ်ရှားဖို့အတွက် တရားရုံးကနေ ဝရမ်းအပ်မယ်ဆိုတာ အထိဖြစ်နေလို ဒီနေ့ဆန္ဒဖော်ထုတ်တာပါ။"

သူမတို့ဖြစ်စဉ်ကို ပြည်ထောင်စုအစိုးရနဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်ကြားထားပြီး လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်ကလည်း စစ်ဆေးနေဆဲ အချိန်အတွင်းမှာ တရားရုံးက အခုလို ဆုံးဖြတ်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာလို့ သူမကပြောပါတယ်။

တကိုယ်တော်ဆန္ဒဖော်ထုတ်တဲ့ မမိုးစန္ဒာဟာ စီမံကိန်းအကြောင်းပြ၍ စည်းကမ်းပျက်လုပ်ကိုင်နေသူတွေကို အမြန်ဆုံးအရေးယူပေးဖို့ လယ်ယာမြေအမှုတွေကို တရားဝင်လယ်စစ်အဖွဲ့တွေ စစ်ဆေးနေချိန်အတွင်း တရားမအပ်ဝရမ်းဆောင်ရွက်နေသူတွေကို အလိုမရှိကြောင်း၊ မြေယာ သိမ်းဆည်းမှုတွေကို အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးဖို့ စည်းကမ်းပျက်စီမံကိန်းတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ စတဲ့ကြွေးကြော်သံတွေနဲ့ ပုသိမ်မြို့အနှံ့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013