
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ ဧပြီ ၂၇ ရက်နေ့မနက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒပြင်ဆင်ရေး လုထုထောက်ခံပွဲနဲ့ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ဥက္ကံမြို့ အနော်ရထာရပ်ကွက် ဘုရားကြီးကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဲ့ဒီဟောပြောပွဲမှာ အခြား ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပေဒေကို အကြိမ်ပေါင်းများစွာ ပြင်ဆင်နေကြတာကြောင့် မြန်မာနိုင်ငံမှာလည်း ပြင်ဆင်ဖို့ အခုလိုမျိုး တောင်းဆိုတာလို့ စာရေးဆရာတွေက ဟောပြောခဲ့ပါတယ်။
ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူကို ကိုယ်စားပြု တဲ့ ဥပဒေမဟုတ်ဘဲ လူတစုကိုသာ ကိုယ်စားပြုတဲ့ ဥပဒေသာဖြစ်တယ်လို့ ဟောပြောခဲ့ကြပါတယ်။
ထောက်ခံဟောပြောပွဲကို ဥက္ကံမြို့ ဒေသခံတွေ၊ ပရဟိတအဖွဲ့တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ စုစုပေါင်း အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။











