DVB Logo
Home
မြန်မာသတင်း
နမ့်စန်တွင် ကျောက်မီးသွေးတွင်းမှ အနံ့အသက်ဆိုးများ ထွက်နေ
DVB
·
April 27, 2019
နမ့်စန်တွင် ကျောက်မီးသွေးတွင်းမှ အနံ့အသက်ဆိုးများ ထွက်နေ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့မှာ ကျောက်မီးသွေးတွင်းက ဆိုးရွားတဲ့ အနံ့ အသက်တွေ ထွက်ရှိနေပြီး သက်ဆိုင်ရာကလည်း အရေးယူဖြေရှင်းမှုတွေ မရှိသေးဘူးလို့  ဒေသ ခံက ပြောပါတယ်။

အဆိုပါကျောက်မီးသွေးတွင်းမှာ လွိုင်လင်မှ နမ့်စံမြို့အ၀င် သံချပ်ကာတပ်မ ၇၃ ၀င်း အတွင်းမှာရှိပြီး ယခင်က ကမ္ဘောဇကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ခဲ့ကြောင်း၊ ယခု တူးဖော်ရေးလုပ်ငန်း ဆက်လုပ်မလုပ် မသိရပေမယ့် မနက် ၂ နာရီကစ ယမ်းအနံ့လို နံစော်လာ တာလို့ နမ့်စန်ဒေသခံလည်းဖြစ် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးနေဇော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကုမ္ပဏီက ကျောက်မီးသွေးတွေတူးယူတော့ မြေကြီးက ချိုင့်ဝှမ်းလိုဖြစ်သွားတယ်။ အဲဒီ ချိုင့်ဝှမ်းက အခုလိုမျိုး နေရှိန်တအားပူလာပြီး မိုးနည်းနည်းကျလာရင် အငွေ့ပျံတယ်၊ အငွေ့ပျံတော့ အနံ့တွေ ထွက်လာတာ၊ ယမ်းအနံ့တွေလိုပဲ။ နေ့ခင်းဆိုရင် သိပ်မသိသာဘူး၊ မနက် ၂ နာရီလောက် အိပ်ကောင်းတဲ့အချိန်ဆို တအားနံတယ်ဗျ၊ တော်တော်ဆိုးဆိုးရွားရွားနံတယ်။ ပန်းနာရင်ကြပ်ရောဂါရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးတွေအတွက် တအားအန္တရာယ်ရှိပါတယ်။”

အဆိုပါ အနံ့အသက်တွေကို တပ်နဲ့ ကပ်လျက် မီးသွေးကုန်းကျေးရွာ၊ ထင်းရူးမြိုင်ရွာ၊ လွိုင်ယိုင်းတိုင်းကောင်၊ ပအိုဝ်းရွာသစ်  နဲ့ ရပ်ကွက် ၄ နေပြည်သူတွေ ခံစားနေရပြီး အခုလို အနံ့အသက်ထွက်တာ တနှစ်ကျော်ခဲ့ပြီလို့ ဆိုပါတယ်။

ဒေသထဲ ခုလိုအနံ့အသက်တွေ ရှည်ကြာခံစားရပေမယ့် မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေ  အရေးယူဆောင်ရွက်တာတွေ မတွေ့ရသေးကြောင်း၊ နောက်ထပ်တပတ်လောက် စောင့်ကြည့်ပြီး ဘာမှမထူးခြားရင်တော့ အန်အယ်လ်ဒီအနေနဲ့  ရှမ်းပြည်နယ်အစိုးရ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ၀န်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတို့ထံ စာတင်မယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013