DVB Logo
Home
မြန်မာသတင်း
ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၇၄ ဦး လွတ်မြောက်
DVB
·
April 27, 2019
ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၇၄ ဦး လွတ်မြောက်
Donate to DVB

သမ္မတဦးဝင်းမြင့်ရဲ့ ဒုတိယအကြိမ် ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ဧပြီ ၂၆ ရက်နေ့က ကော့သောင်းအကျဉ်းထောင်ကနေ အကျဉ်းသူအကျဉ်းသား ၁၇၄ ဦး လွတ်မြောက်လာပါတယ်။

လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/သူတွေကို ကော့သောင်းမြို့နယ်၊ ရဲတပ်ဖွဲ့စခန်းမှူးနဲ့ အကျဉ်းထောင်တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဆုံးမစကား ပြောကြားခဲ့ကြပြီး ထောင်လွှတ်လက်မှတ်နဲ့ ခရီးစရိတ်ငွေတွေ ပေးအပ်ခဲ့ပါတယ်။

ဒီတကြိမ် သမ္မတရဲ့ ဒုတိယအသုတ် ပြစ်ဒဏ်လွှတ် ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံတ၀န်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၆၉၄၈ ဦး လွတ်မြောက်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013