DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် အနောက်မြောက်ဘက် ရွေ့လျား၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးထစ်ချုန်းရွာမည်
DVB
·
April 27, 2019
မုန်တိုင်းငယ် အနောက်မြောက်ဘက် ရွေ့လျား၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးထစ်ချုန်းရွာမည်
Donate to DVB

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၅၂၀ လောက်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင် မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၇၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့  မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

ဒီနေ့ ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေကနေ ၆ ပေလောက် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့်  သတ်မှတ်ထားတယ်လို့ မိုးဇလက ဧပြီ ၂၆ ရက်ညနေပိုင်း သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013