DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ်မြောက် လွတ်ငြိမ်းခွင့်တွင် တိုင်းရင်းသားလက်နက်ကိုင် ၂ဝ ပါဝင်မည်
DVB
·
April 26, 2019
တတိယအကြိမ်မြောက် လွတ်ငြိမ်းခွင့်တွင် တိုင်းရင်းသားလက်နက်ကိုင် ၂ဝ ပါဝင်မည်
Donate to DVB

တတိယအကြိမ်မြောက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပြုမယ့်အထဲမှာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က အဖွဲ့ဝင် ၂၀ ပါဝင်မယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

“ပထမဆုံးအဆိုပြုထားတာက RCSS ရှိတယ်။ ဒုတိယအဆိုပြုထားတာက SSPP/SSA ရှိတယ်။ တတိယတင်ပြထားတာက ABSDF အဖွဲ့ရှိတယ်။ ကျနော်တို့ မှန်းတာကတော့ အားလုံးပေါင်း လူ ၂၀ ကျော် လောက်တော့ ရှိတယ်။ လူ ၂၀ ကျော်လောက်ကိုမှ ကျနော်တို့ လေ့လာသုံးသပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကတဆင့် သမ္မတဆီတင်မှာဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

မကြာခင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“နောက်တသုတ်အနေနဲ့ မြန်မာပြည် အောက်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်တွေက အကျဉ်းကျခံနေရတဲ့ သူတွေကို ပြန်လွှတ်ဖို့ရှိပါတယ်။ အကျဉ်းသား ၆ ထောင်ကျော်လောက်ပေါ့” လို့ ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတအမိန့်နဲ့ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ကလည်း အကျဉ်းထောင်တွေက အကျဉ်းသား ၉ ထောင်ကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီးတော့ ဒီကနေ့မှာလည်း အကျဉ်းသား ၇ ထောင်နီးပါးကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကချင်၊ ကယား၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတွေရဲ့ အကျဉ်းထောင်တွေက အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တာလို့ ဦးဇော်ဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013