DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 26, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၇၈၁၀၀ ပေါက်ဈေးရှိပြီး  ၉၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ(သစ်) တအိတ်ကို ၇၅၀၀၀ ကနေ ၈၁၀၀၀  ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၂၉၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၈၈၇၀၀  ပေါက်ဈေးရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တအိတ်ကို ၉၅၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၇၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားတော်ပဲလုံး

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉.၂၅ ပိဿာဝင် တအိတ်ကို ၆၉၉၀၀ ကနေ ၇၂၂၀၀ ပေါက်ဈေးရှိပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၃၂၈၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၃၂၅ ကနေ ၈၅၀ ပေါက်ဈေးရှိပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာကြက်သွန်နီ တပိဿာကို ၃၅၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး ၂၅ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၃၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်ဖြူ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူ(တောင်ကြီး၊အောင်ပန်း)က တပိဿာကို ၉၀၀ ကနေ ၁၆၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်ဖြူတပိဿာကို ၃၅၀ ကနေ ၁၀၀၀ ပေါက်ဈေးရျိပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၆၀၀ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဂေါ်ဖီထုပ်

အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီထုပ်ကတထုပ်ကို ၈၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ် ဈေးတက်လာပါတယ်။

သီရိမင်္ဂလာဈေးကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၆၀၀ ကနေ ၈၀၀ ပေါက်ဈေး ရှိပါတယ်။ အောင်ပန်းနဲ့ သီရိမင်္ဂလာဈေးကုန်စည်ဒိုင်မှာ အနိမ့်ဆုံးဈေးက ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့သီးနှံတွေထဲက ဂေါ်ဖီထုပ်ကတော့မိုးသီးတွေကြွေကျပြီး မိုးရွာသွန်းမှု ကြောင့်သီးနှံအခင်းတွေ ပျက်စီးခဲ့ရပါတယ်၊၊ ဂေါ်ဖီထုပ်တွေ အရောင်းမလှတာကြောင့် ကုန်စည်အ၀င်နည်းပြီး ဈေးတက်လာခဲ့ပါတယ်။ အရင်တပတ်ထက် ၂၅၀ ကျပ် ဈေးတက် လာခဲ့ပါတယ်။

စားတော်ပဲလုံးက ရာသီကုန်ချိန်ဖြစ်တာကြောင့် ပစ္စည်းပျက်နေပါတယ်။ ကုန်စည် လက်ကျန်တွေသာရှိတာ ကြောင့် ဈေးတက်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ၆၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013