DVB Logo
Home
မြန်မာသတင်း
မုန်တိုင်း မြန်မာပြည်ဘက် ဦးတည်ခြင်းမရှိ၊ အ၀ါရောင်အဆင့်သတ်မှတ်
DVB
·
April 26, 2019
မုန်တိုင်း မြန်မာပြည်ဘက် ဦးတည်ခြင်းမရှိ၊ အ၀ါရောင်အဆင့်သတ်မှတ်
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းမှာ မုန်တိုင်းငယ်တခုဖြစ်ပေါ်နေပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်မလာလို့ အ၀ါရောင်အဆင့် သတ်မှတ်တယ်လို့ မိုးဇလဌာနရဲ့ မွန်းလွဲ ၂နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ သီရိလင်္ကာနိုင်ငံ၊ ထရင်ကို မာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၆၂၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၈၄၀ ခန့်၊ မာချီလီပတ္တနမ်မြို့ရဲ့  တောင်-အရှေ့တောင်ဘက် မိုင် ၈၂၀ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေလို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၂၄နာရီအတွင်း အားကောင်းတဲ့  မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်မယ်လို့လည်း ခန့်မှန်းဖော်ပြထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုညွှန်ကြားရေးမှူး ဦးလှထွန်းကတော့ မုန်တိုင်းလမ်းကြောင်းပေါ်မူတည်ပြီး မြန်မာနိုင်ငံမှာ မိုးရ မရ ပြောနိုင်မယ်လို့ ဆိုပါတယ်။

“လမ်းကြောင်းက အိန္ဒိယဘက်ကို သွားမယ်ဆိုရင်တော့ မိုးရဖို့ သိပ်အလားအလာ မရှိဘူးပေါ့နော်။ မြန်မာဘက် နည်းနည်းလေး ကပ်မယ်ဆိုရင်တော့ ဒါမိုးရနိုင်တယ်ပေါ့။ လမ်းကြောင်းပေါ် မူတည်ပြီးတော့လည်း မိုးရွာသွန်းမှုက ကွာခြားမှုရှိနိုင်တယ်”

မေလ ၂ရက်အထိ မုန်တိုင်းဟာ အိန္ဒိယဘက်မှာပဲ ရှိနေနိုင်သေးတယ်လို့ လည်း ခန့်မှန်း ပြောပါတယ်။

မုန်တိုင်းကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့  မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ  ကမ်းနီး၊ ကမ်းဝေးငါးဖမ်း သင်္ဘောတွေ သတိပြုကြဖို့လည်း မိုးဇလဌာနက သတိပေးထားပါတယ်။

ဓာတ်ပုံ- မိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013