DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ မြို့ကြီး ၈ မြို့တွင် အပူချိန် စံချိန်တင်
DVB
·
April 26, 2019
မြန်မာနိုင်ငံ မြို့ကြီး ၈ မြို့တွင် အပူချိန်  စံချိန်တင်
Donate to DVB

ပဲခူးမြို့အပါအ၀င် မြို့ ၈ မြို့မှာ ဧပြီ ၂၆ ရက်က အမြင့်ဆုံးအပူချိန်တွေ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးမြို့မှာ ၅၅ နှစ်အတွင်း ၄၂ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်စံချိန်တင်မြင့်တက်ခဲ့ပြီး တောင်ငူမြို့မှာလည်း ၅၅ နှစ်အတွင်း ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကြို့ပင်ကောက်မှာ ၃၄ နှစ်အတွင်း ၄၂ ဒသမ ၉ ဒီဂရီစင်တီဂရိတ်၊ ခရမ်းမှာ ၃၆ နှစ်အတွင်း ၄၂ ဒသမ ၄၊ ဘီးလင်းမှာ ၅၄ နှစ်အတွင်း ၄၁ ဒသမ ၄၊ ရေးမြို့မှာ ၅၅ နှစ်အတွင်း ၄၀ ဒသမ ၄၊ သထုံမှာ ၄၆ နှစ်အတွင်း ၄၀ ဒသမ ၃၊ ဖျာပုံမှာ ၁၈ နှစ်အတွင်း ၄၀  ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ပူပြင်းခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်နွေရာသီမှာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်နေပြီး အရင် နှစ်တွေထက် ပိုမိုပူပြင်းနေတာပါ။

အပူဒဏ်ကြောင့် ကျန်းမာရေးချို့ယွင်းနိုင်တာကို သတိပြုနေထိုင်ကြဖို့ အစိုးရက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013