DVB Logo
Home
မြန်မာသတင်း
တပ်မတော်အပေါ် အသရေဖျက်မှုဖြင့် ထောင်ချခံရသည့် ကချင်လူငယ် ၂ ဦးလွတ်မြောက်
DVB
·
April 26, 2019
တပ်မတော်အပေါ် အသရေဖျက်မှုဖြင့်  ထောင်ချခံရသည့် ကချင်လူငယ် ၂ ဦးလွတ်မြောက်
Donate to DVB

ကချင်ပြည်နယ်၊ တိုက်ပွဲအကြား ပိတ်မိပြည်သူလွတ်မြောက်ရေးကြိုးပမ်းမှုကြောင့် ထောင်ဒဏ် ၆လ အကျဉ်းကျခံနေရတဲ့ ကိုလွမ်းဇောင်းနဲ့ ကိုဇော်ဂျက်တို့  ဒီကနေ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပါတယ်။

ကိုဇော်ဂျက်နဲ့ ကိုလွမ်းဇောင်းတို့ဟာ လာမယ့် ဇွန်လ ၆ ရက်နေ့ကျမှ ထောင်ဒဏ်ပြည့်မြောက်မှာလည်းပေမယ့်  ထောင်ဒဏ် ၅ လကျခံအပြီးမှာ ဒီကနေ့ ပြန်လွတ်လာတာပါ။

ခုလို ရက်မစေ့ခင် ပြန်လွတ်လာတဲ့အပေါ် ကိုဇော်ဂျက်က “သက်သေ အခိုင်အမာမရှိဘဲ ထောင်ဒဏ်ချမှတ်ပြီး ယခုလို လွတ်မြောက်ဖို့ လပိုင်းအလိုမှာ လွတ်ငြိမ်း သက်သာခွင့်နဲ လွတ်မြောက်လာတာဟာ နိုင်ငံရေး အမြတ်ထုတ်မှုသာဖြစ်တယ်” လို့ ပြောပါတယ်။

ကိုဇော်ဂျက်နဲ့ ကိုလွမ်းဇောင်းတို့ အနေနဲ့ အမှုမှန်ပေါ်ပေါက်လာစေရေး အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ ဥပဒေဘောင် အတွင်းက ဆက်လက် ရင်ဆိုင်သွားမယ်လို့လည်း ပြောပါတယ်။

ကိုဇော်ဂျက်၊ ကိုလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးဟာ   တပ်မတော်အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားတရားရုံးက ထောင်ဒဏ် ၆လနဲ့ ငွေဒဏ် ကျပ် ၅သိန်းစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

ဒေါ်နန်ပူကတော့ ကျန်းမာရေး အခြေအနေကြောင့် ပြစ်ဒဏ် ၆လအစား ၄လအဖြစ် မြစ်ကြီးနား တရားရုံးက သတ်မှတ်ခဲ့ပြီး ဧပြီလ ၅ရက်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

နိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၇၀၀၀ နီးပါးကို နိုင်ငံတော်သမ္မတက ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်နဲ့ မနေ့ညက လွှတ်ပေးရာမှာ မြစ်ကြီးနား အကျဉ်းထောင်က အကျဉ်းသားစုစုပေါင်း ၁၃၆၉ ဦးလွတ်မြောက်လာပါတယ်။

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ  နိုင်ငံရေးအကျဉ်းသား ၃ ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အမှုဆောင်ကော်မီတီဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။

သတင်း- နော်နိုရင်း/   Ra Ra

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013