DVB Logo
Home
မြန်မာသတင်း
ချောက်​မြို့၏အပူချိန်​ ယခင်​တင်​ခဲ့သည့် စံချိန်​​ထိရောက်​ရှိလာ
DVB
·
April 26, 2019
ချောက်​မြို့၏အပူချိန်​ ယခင်​တင်​ခဲ့သည့် စံချိန်​​ထိရောက်​ရှိလာ
Donate to DVB

မ​ကွေးတိုင်း၊ ​ချောက်​မြို့ရဲ့ အပူချိန်​ဟာ ယခင်က စံချိန်​တင်​ထားခဲ့​တဲ့ စံချိန်​တင်​အပူချိန်​ ၄၆ဒသမ ၄ ဒီဂရီစင်​တီဂရိတ်​ကို ဧပြီ ၂၅ ရက်​​ ည​နေ တိုင်းတာချက်​အရ ​ရောက်​ရှိ​နေပြီလို့ ​ချောက်​မြို့ မိုး​လေဝသနှင့် ဇလ​ဗေဒတိုင်းတာ​ရေးစခန်းက သိရပါတယ်​။

ချောက်မြို့ မိုး​လေဝသ စခန်းမှူး ​ဒေါ်​ဆွေဇင်​ဖြိုးက “ချောက်​မြို့နယ်​ အပူချိန်​ဟာ ၂၀၁၂ ​မေလပိုင်း အချိန်​ကတကြိမ်​ ၂၀၁၆ ဧပြီလမှာ တကြိမ် အမြင့်ဆုံးအပူချိန်​ ၄၆.၄နဲ့ စံချိန်​တင်​ထားခဲ့ပြီး  မ​နေ့က ည​နေတိုင်းတာချက်​အရ ၄၆.၄ ဒီဂရီစင်​တီ ဂရိတ်​ကို ​ရောက်​ရှိ​နေလို့ အရင်​တင်​ထားတဲ့ စံချိန်​ကို ရောက်​သွားပြီ​” လို့ ​ပြောပါတယ်​။

အခုလို စံချိန်​တင် အပူချိန်​​ရောက်​ရှိလာတဲ့အတွက်​ မြို့နယ်​ ကျန်းမာရေး တာဝန်ရှိသူတဦးက “အခုချိန်​ထိ​တော့ အပူ​ကြောင့် ဆေးကုသမှု ခံရတဲ့လူနာ မရှိ​သေးပါဘူး၊​ ချောက်​က ၂၀၁၂ နဲ့ ၂၀၁၆ ​တွေမှာလည်း အပူဒဏ်​ခံခဲ့ရဖူးလို့ ပြည်​သူ​လူထုအ​နေနဲ့ အသိသတိရှိ ​သွားတယ်​ပဲယူစရမှာပဲ။  အပူ​ကြောင့်​ ဖြစ်​တဲ့​ဝေဒနာရှင်​ ခုချိန်​ထိ မရှိ​သေးဘူး။” လို့ ​ပြောပါတယ်​။

ချောက်​မြို့နယ်​ထဲမှာ အပူချိန်တွေ ဆက်တိုက်မြင့်တက်နေလို့ ဒေသခံ လွှတ်​​တော်​ကိုယ်​စား လှယ်တွေနဲ့ တာဝန်​ရှိသူတွေဟာ  ကျန်းမာ​ရေးဌာနနဲ့ ပူး​ပေါင်းပြီး မြို့​ပေါ် ရပ်​ကွက်​တွေမှာ အပူ​ရှောင်​စခန်းတွေ ဖွင့်​လှစ်​​ပေးထား​ပါတယ်​။

သတင်း- ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013