DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း အကျဉ်းသား ၂၂၀၀ ကျော်လွတ်မြောက်
DVB
·
April 26, 2019
စစ်ကိုင်းတိုင်းအတွင်း အကျဉ်းသား ၂၂၀၀ ကျော်လွတ်မြောက်
Donate to DVB

၂၀၁၉ခုနှစ်အတွင်း နိုင်ငံတော်သမ္မတက အကျဉ်းသားတွေကို ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ စစ်ကိုင်းတိုင်းအတွင်းက အကျဉ်းထောင်၊ စခန်းအသီးသီးကနေ ၂၂၁၅ ဦး လွတ်မြောက်ခဲ့ပါတယ်။

မူးစိတ်ပုဒ်မ ၁၅/၁၆ နဲ့အကျဉ်းကျခံနေရသူ အများစုဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၆၉၄၈ ဦးကို လွတ်ငြိမ်းခွင့်ပေးရာမှာ ရွှေဘိုထောင်က ၅၁၅ ဦး၊  ကလေးအကျဉ်းထောင်က ၄၁၂ ဦး၊ ခန္တီးထောင်က ၂၅၇ ဦး၊ မုံရွာထောင်က ၁၆၄ဦး၊ ကသာထောင်က ၁၀၄ ဦးနဲ့ အကျဉ်းစခန်း ၆ ခုက ၇၃၆ ဦး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ အမျိုးသား ၂၁၁၀ ဦး၊ အမျိုးသမီး ၁၀၅ ဦး ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ရက်နေ့ကလည်း စစ်ကိုင်းတိုင်းကနေ ၁၂၆၉ ဦး လွတ်မြောက်ခဲ့ပါသေးတယ်။

မုံရွာအကျဉ်းထောင်က လွတ်ငြိမ်းသက်သာခွင့် ပေးအပ်တဲ့ ပွဲကိုတော့ တိုင်းပါတီ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အပြင်လောကမှာ အေးအေးချမ်းချမ်း နေကြဖို့၊ နောက်တကြိမ် ပြန်မလာကြဖို့၊ ဥပဒေဘောင်အတွင်းနေထိုင်ပြီး မိသားစုအကျိုး ရပ်ကျိုးရွာကျိုး၊ နိုင်ငံ့အကျိုး၊ အမျိုးဘာသာသာသနာ အကျိုးဆောင်ရွက်ကြဖို့ကို မှာကြားခဲ့ကြပါတယ်။

ပြန်လည်လွတ်မြောက်ခွင့် ရသူတွေကလည်း နိုင်ငံတော်သမ္မတအပါအဝင် တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်တဲ့အကြောင်းနဲ့ အကျဉ်းထောင်ထဲ နေခဲ့စဉ်မှာ လူ့အခွင့်ရေးချိုးဖောက် ခံရတာမရှိခဲ့ဘူးလို့ ပြောဆိုကြပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးကို ကိုယ်တိုင်လည်း နောက်တကြိမ် မလုပ်တော့သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း မလုပ်ကြဖို့ တိုက်တွန်းပြောကြားသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013