DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား ၇၀၀၀ နီးပါးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထပ်မံလွှတ်ပေး
DVB
·
April 26, 2019
အကျဉ်းသား ၇၀၀၀ နီးပါးကို နိုင်ငံတော်သမ္မတက  လွတ်ငြိမ်းသက်သာခွင့်ဖြင့် ထပ်မံလွှတ်ပေး
Donate to DVB

နိုင်ငံတ၀န်း အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးမှာ  အကျဉ်းကျခံနေရတဲ့ အကျဉ်းသား/သူ ၇၀၀၀ နီးပါးကို နိုင်ငံတော်သမ္မတက  လွတ်ငြိမ်းသက်သာခွင့်နဲ့ ထပ်မံလွှတ်ပေး လိုက်ပါတယ်။

ဧပြီ ၂၆ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးအမိန့်စာထဲမှာ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်နဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံသား အကျဉ်းသား ၆၉၄၈ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန် အကျဉ်းသားတွေထဲက လွှင့်သင့်လွှတ်ထိုက်သူတွေကိုလည်း စနစ်တကျစိစစ်ပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်ပေးသွားမယ်လို့လည်း အမိန့်ကြေညာစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့  ဧပြီ ၁၇ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကလည်း နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေအပါအ၀င် အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ပါတယ်။

အဲဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သူတွေထဲမှာ လွတ်မြောက်သင့်သူတွေ ပါမလာဘဲ အကျဉ်းသားအချင်းချင်း အခွင့်အရေးတန်းတူမရလို့ဆိုပြီး အကျဉ်းထောင် သုံးခု ထက်မနည်းမှာ ထောင်ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် သမ္မတရဲ့ အခု လွတ်ငြိမ်းသက်သာခွင့် ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013