DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်သမိုင်းဝင် Wolseley ကား ပြန်လည်ပြုပြင်ပြီးစီး
DVB
·
April 25, 2019
ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်သမိုင်းဝင် Wolseley ကား ပြန်လည်ပြုပြင်ပြီးစီး
1 / 8
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley ကားကို ရက်ပေါင်း ၂၀၀ကျော်ကြာ အချိန်ယူပြုပြင်ခဲ့ရာမှာ အခုတော့ ပြင်ဆင်ပြီးစီးသွားပြီလို့ Htoo Auto Serviceရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

Lin Htet (EEM)ရဲ့ ဖေ့စ်ဘွတ်ခ်မှာ “အမေစုကိုယ်တိုင် သူ့အဖေရဲ့ကားကို ပြန်လည်မွမ်းမံပြီး စီးချင်တယ်ဆိုလို့ Htoo Auto Service ကနေ ၂၄၅ ရက်ကြာ အသေးစိတ် ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ပြီဖြစ်တဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ Wolseley RC 2874ကားလေးပါ” ဆိုပြီး ကားဓာတ်ပုံနဲ့အတူ ရေးတင်ထားပါတယ်။

ဗိုလ်ချုပ်ရဲ့ကားလေးဟာ Wolseley 18/85 အမျိုးအစားဖြစ်ပြီး ၁၉၃၈ ကနေ ၁၉၄၈ ခုနှစ် အတွင်းမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တံခါး ၄ ချပ် ဆလွန်းကား ဖြစ်ပြီး 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုးအင်ဂျင်ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ ၁၉၄၇ ခုနှစ်ကဖြစ်လို့ စစ်ပြီးခေတ် model Wolseley ကားလေးဟာ ၁၉၄၅၊ ၁၉၄၆၊ ၁၉၄၇  တနှစ်နှစ်မှာ ထုတ်လုပ်တာဖြစ်နိုင်ပြီး RC 2874 နံပါတ် ကိုတော့ Wolseley World ဆိုတဲ့ ဂျာနယ်ကြီးကနေ RG (Rangoon) registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကို မှတ်တမ်းတင်ရာမှာ ဖော်ပြထားတယ်လို့  ရေးတင်ထားပါတယ်။

ဓာတ်ပုံ- Htoo Auto Service

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013