DVB Logo
Home
မြန်မာသတင်း
ရွာငံတွင် မိုးသီးကြောင့် အိမ်ခြေ ၂၀၀၀ ခန့် ပျက်စီး၊ သီးနှံပင်ဧကပေါင်းများစွာ ဆုံးရှုံး
DVB
·
April 25, 2019
ရွာငံတွင် မိုးသီးကြောင့် အိမ်ခြေ ၂၀၀၀ ခန့် ပျက်စီး၊ သီးနှံပင်ဧကပေါင်းများစွာ ဆုံးရှုံး
1 / 9
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲမှာ ဧပြီ ၂၃ ရက်က မိုးသည်းထန်ပြီး အရွယ်အစားကြီးမားတဲ့ မိုးသီးတွေ ကြွေကျလာတာကြောင့် အိမ်ခြေ ၂၀၀၀နီးပါး ခေါင်မိုးတွေ ပျက်စီးကာ သီးပင်စားပင်တွေလည်း ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မိုးသည်းထန်မှုဒဏ်ကို ခံခဲ့ရတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို တာဝန်ရှိသူတွေက လိုက်လံ စစ်ဆေးရာမှာ ဧပြီ ၂၄ ရက်ကောက်ယူရရှိတဲ့ စာရင်းအရ မြို့ပေါ်ရှိ ဈေးတန်း၊ ရွာမနဲ့ မြို့ကုန်း စတဲ့ ရပ်ကွက် ၃ ခုနဲ့  ကျေးရွာအုပ်စု ၅ စုရှိ ရွာပေါင်း ၁၀ ရွာက နေအိမ်အလုံးပေါင်း ၁၉၂၅ လုံး ခေါင်မိုးပေါ်က သွပ်တွေ ပေါက်ထွက်ပျက်စီးကုန်တယ်လို့ စစ်ဆေးရေးအဖွဲ့ဝင် ရွာ ငံမြို့နယ် စိုက်ပျိုးရေးဌာန လက်ထောက်ဦးစီးမှူး ဦးညီညီက ပြောပါတယ်။

“ နေအိမ်စုစုပေါင်း ၁၉၂၅ လုံး အိမ်ခေါင်မိုးသွပ်တွေ ပျက်စီးပါတယ်။ စာရင်းတွေ ရပြီးရင် သက်ဆိုင်ရာက ထောက်ပံ့ကူညီဖို့ အစီအစဉ်ရှိတယ်ခင်ဗျ၊ သွပ်တွေပြန်ချပေးမယ်လို့ သိရတယ်။ သီးနှံပျက်စီးမှုအခြေအနေတော့ စာရင်းကောက်လို့ မပြီးသေးပါဘူး၊ တော်တော်တော့ များတယ်။ ကျနော့်ခြံထဲမှာဆိုရင် ထောပတ်ပင်က ၃၈ ပင်၊ သရက်ပင်က ၁၄၀ အသီးတွေ အကုန်လုံးကြွေကုန်ပြီ။ ဂေါ်ဖီပန်းဆိုရင် အခုမှအပွင့်တွေ ဝေကာစ၊ ခြံ ၃ ခြံရှိတာ ၃ ခြံလုံး ပျက်စီးတယ်။”

ဒါ့အပြင် သူတို့ရပ်ကွက်ထဲက ဂေါ်ဖီထုတ်အခင်း ၇ ဧက ပျက်စီးတယ်လို့ ကနဦး သိရပြီး အခြား ခရမ်းချဉ်သီးခင်း၊ သနပ်ဖက်ခင်း နဲ့ ဟင်းသီးဟင်းရွက်တွေပါ ပျက်စီးကြောင်း၊  အခုလို ဒေသထွက် သီးနှံတွေ ပျက်စီးတာကြောင့် စီးပွားရေးပါ ထိခိုက်နိုင်ကြောင်း၊ သက်ဆိုင်ရာ ကတော့ အစားထိုးသီးနှံစိုက်ပျိုးဖို့ စီစဉ်ပေးလိမ့်မယ်လို့ ဦးညီညီက ပြောပါတယ်။

ရွာငံမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလည်း လေဘေးဒဏ်ခံခဲ့ရပြီး အိမ်ခြေပေါင်း ၆၀၀ ကျော် ပျက်စီးကာ ကျွဲနွားတိရစ္ဆာန်တွေ သေဆုံးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013