DVB Logo
Home
မြန်မာသတင်း
အာဖဂန်တွင် တာလီဘန်နှင့် အိုင်အက်စ်သစ္စာခံတပ်များ တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေး
DVB
·
April 25, 2019
အာဖဂန်တွင် တာလီဘန်နှင့် အိုင်အက်စ်သစ္စာခံတပ်များ တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေး
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ တာလီဘန်တွေနဲ့ အိုင်အက်စ်အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ခရိုင်နှစ်ခုက မိသားစု ၅၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ တာဝန်ရှိသူတွေက ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

ဧပြီ ၂၂ ရက်က အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ တာလီဘန်တွေ ထိန်းချုပ်တဲ့ ရွာတွေကို တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ် တာလီဘန်အစိုးရ ပြုတ်ကျပြီးကတည်းက အဲဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့က ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးသေးပါဘူး။

၂၀၁၄ ခုနှစ် ဝန်းကျင်မှာတော့ အာဖဂန်အရှေ့ပိုင်းမှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ ပထမဆုံး ပေါ်ပေါက်လာပြီး အစိုးရနဲ့ရော နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ပါ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီကတည်းက အိုက်အက်စ်တွေရဲ့ အာဖဂန်အဖွဲ့ခွဲတခုဟာ အာဖဂန်မြောက်ပိုင်းက တခြားဒေသတွေကို ထိုးဖောက်လာတာပါ။

ပါကစ္စတန်နယ်စပ် နန်ဂါဟာပြည်နယ်ဟာ အိုင်အက်စ်တွေရဲ့ အမာခံနယ်မြေ ဖြစ်သလို ခိုဂီယာနီနဲ့ ရှီဇာ့ဒ်ခရိုင်က ရွာတချို့ကိုတော့ တာလီဘန်တွေက ထိန်းချုပ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013