DVB Logo
Home
မြန်မာသတင်း
ကျည်ထိမှန်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေ
DVB
·
April 25, 2019
ကျည်ထိမှန်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေ
Donate to DVB

ဘူးသီး​တောင်​မြို့နယ်​ ဆင်သေပြင်ဘင်္ဂါလီရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ကျည်​ထိမှန်ကာ က​လေး​သေဆုံးပြီး​နောက်​ အ​ရေး​ပေါ်​ဆေးကုသမှုခံယူဖို့ အကူအညီတွေ လိုအပ်​နေပါတယ်။

ဧပြီ ၂၁ ရက်မွန်းလွဲ ၂ နာရီလောက်က  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ဘင်္ဂါလီရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ဝမ်းဗိုက်​ကို ကျည်​ထိမှန်​ပြီး ဘူးသီး​တောင်​​ဆေးရုံမှာ ​​ဆေးကုသမူခံယူ​နေရာမှ က​လေးငယ်​​သေဆုံးသွားခဲ့တာပါ။

မိခင်​ဖြစ်သူကတော့ အခုအခါ အူတ​ပိုင်းထုတ်​လိုက်​ရပြီး အ​ရေး​ပေါ်​ဆေးကုသမှု ခံယူနေရတာကြောင့် မိသားစုစားဝတ်​​နေ​ရေး​ အလွန်​အခက်​အခဲဖြစ်နေပြီး အကူအညီ လိုအပ်​​နေ​တာလို့ ခင်​ပွန်းဖြစ်​သူ မာမတ်​အာမိန်​က ​ပြောပါတယ်​။

"လူတ​ဦး ဒဏ်​ရာရရင်​ ငါး​သောင်း ​အစိုးရက ကူညီ​ထောက်​ပံ့တယ်။ လူအသက်​တ​ခုက ဒီ​လောက်​သာ တန်​ဖိုးရှိလား။ အခု ကျနော့်အမျိုးသမီး ဒဏ်​ရာက သာမန်​ဒဏ်​ရာမဟုတ်​ဘူး၊ ဗိုက်​ထဲက​လေးပါ​သေသွားပြီ အစိုးရက ​ငွေ ငါး​သောင်း ​ထောက်​ပံ့မယ်​လို့ လာ​ပြောတယ်​။ အဲ့ဒီ​ငွေ ငါးသောင်း ဒီနေ့အထိ မရ​သေးပါဘူး။ ​နောက်​တ​ခု​ပြောချင်​တာက ​ဆေးရုံမှာ အ​ရေး​ပေါ်လူနာ ဓာတ်​မှန်​ရိုက်​ရတယ်။ ​ငွေ ရှစ်ထောင်​ပေးရတယ်​ ​နောင်​​သွေးစစ်​ခ​လား၊ ​ဆေးခ​တွေလား၊ ခွဲးစိတ်​ခလား မသိပါဘူး။ ​ငွေ သုံး​သောင်း​ပေးလိုက်​ရတယ်​​။ နောက်​ထပ်​ ဘယ်​​လောက်​​ပေးရမလဲ မသိ​သေးဘူး။ ​ဆေးရုံက ​တောင်းရင်​​ပေးရ​​တောမှာပါ။ အခု ကျနော့်အမျိုးသမီးကို စစ်​​တွေဖြစ်​ဖြစ်​ ရန်​ကုန်​ဖြစ်​ဖြစ်​ ​ဆေးကုသမူခံယူဖို့ သွားချင်​တယ်​။ အ​ခြေအ​နေက မ​ကောင်းပါ။ သူမမှာ အူကို​တောင်​ ဖြတ်​ထုတ်​လိုက်​ရပါပြီ။ ဒီမှာကုသမူခံယူတာထက်​ အဆင့်​မြင့်​​ဆေးရုံတခုမှာ ​ဆေးကုသမူ​ပေးချင်​တယ်။ သူမကိုပြုစု​နေရတာနဲ့ ကျနော်က အလုပ်​လည်း မလုပ်​နိုင်​ဘူး၊ ကျန်​​နေတဲ့ သားသမီး​တွေ ဘယ်​သူ​ကျွေးမလဲ" လို့ ငို​ပြီးပြောပါတယ်​။

ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေရတဲ့ ​မဆောနှရ်​ရာအား ​မောင်​​တောခရိုင်​ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) အဖွဲ့က ​ငွေ ၂ သိန်းနဲ့ ဘူးသီး​တောင်​ မွတ်​ဆလင်​အသိုင်းအ၀ိုင်းက စု​ပေါင်းပြီး ​ငွေ ၃ သိန်း ကူညီ​ထောက်​ပံ့ထား​ကြောင်း သိရပါတယ်​။

ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းမှာ​ တပ်​မ​တော်​က ဘူးသီး​တောင်​​​တောင်​ပိုင်း ​ကျေးရွာ တလျှောက် ​နယ်​​မြေရှင်းလင်း​ရေးလုပ်​စဉ်​ ဆင်​​သေပြင်​​ကျေးရွာရှိ သူမရဲ့ နေအိမ်​ထဲမှာ နေထိုင်နေစဉ် ​သေနတ်​ကျည်​က လာထိမှန်ခဲ့တာလည်းဖြစ်​ပါတယ်​။

ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး အ​နောက်​ပိုင်းတိုင်​စစ်​ဌာနချုပ်​မှ ဗိုလ်​မှူးကြီး ၀င်း​ဇော်​ဦးက "ထိ​တွေတိုက်​ပွဲဖြစ်​တာက ဆင်​​သေပြင်​​ကျေးရွာနဲ့ အ​ဝေးကြီးပါ။ တိုက်​ပွဲဖြစ်​တာက ရှိတယ်​။ အောင်​သာ​ချောင်းနားမှာ ဖြစ်​တာပဲရှိတယ်​။ ဗိုက်​ကြီးသည်​ထိတာလည်း မသိပါဘူး။ ဆင်​​သေပြင်​နဲ့ ​အောင်​သာ​ချောင်းနဲ့က မီတာ ၂၀၀၀ ​လောက်​​ဝေးပါတယ်။ ကျနော်တို့က ​နယ်​​မြေရှင်းလင်း​နေတယ်​။ ​အေ​အေ ရှိတယ်​ဆိုရင်​ တိုက်​ပွဲဖြစ်​မှာပါပဲ။ နယ်​​မြေရှင်းလင်းတဲ့ အခါမှာ လက်​နက်​ကြီးပစ်​ကူ​ပေးဖို့လိုတယ်​ဆိုရင်​ လက်​နက်​ကြီးပစ်​ကူ​ပေးရတယ်​။ လက်​နက်​ကြီး ပစ်​ကူ​ပေးတာလည်း ​တောထဲကိုသာ ပစ်တာရှိတယ်​။ ရွာနဲ့ အနီးဝန်းကျင်​တို့ကို မပစ်​ပါဘူး၊ ဆင်​​သေပြင်​​ ကိစ္စကလည်း ၀ါဒဖြန့်​တာပဲ ဖြစ်​နိုင်​ပါတယ်​" လို့​ ဖြေရှင်းထားပါတယ်​။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013