DVB Logo
Home
မြန်မာသတင်း
ပဲနွယ်ကုန်းမြို့တွင် ဗုံးသီးဟောင်းများ ထပ်တွေ့၊ စုစုပေါင်း ၂၁၅ လုံး ရှိပြီ
DVB
·
April 25, 2019
ပဲနွယ်ကုန်းမြို့တွင် ဗုံးသီးဟောင်းများ ထပ်တွေ့၊ စုစုပေါင်း ၂၁၅ လုံး ရှိပြီ
1 / 4
Donate to DVB

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ဂုဏ်တော်ရပ်ကွက်မှာ ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းက မြေကျင်းတူးရာမှ ဗုံးသီးဟောင်းအလုံး ၁၀၀ ကျော် ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ဗုံးသီးအလုံးရေ ၂၁၅ လုံးအထိ ရှိသွားလို့ ဂုဏ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ဂုဏ်တော်ရပ်ကွက် ခြံဝင်းတခုအတွင်း အဆောက်အဦဆောက်လုပ်ဖို့ မြေကျင်းတူးရာမှ ပထမရက်က ဗုံးသီးဟောင်း အလုံးရေ ၁၀၆ လုံးတွေ့ရှိခဲ့ပြီး အဆိုပါနေရာအား ဆက်လက်တူးဖော်ရာ နောက်ထပ်ဗုံးသီးအလုံး ၁၀၉ လုံးကို ထပ်မံတွေ့ရှိခဲ့တာပါ။

"ဘယ်ခေတ်က ဗုံးသီးဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး။ အခုလက်ရှိတော့ အမှတ် ၃၀၇ မှာ ထိန်းသိမ်းထားတယ်။ တောင်ငူက ဘီအီးအဖွဲ့တွေလည်း လာတယ်" လို့ ဂုဏ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်ခိုင်က ပြောပါတယ်။

အဆိုပါဗုံးသီးတွေမှာ အရှည် ၁၅ လက်မ၊ လုံးပတ် ၁၂ လက်မ၊ အချင်း ၃ . ၅ လက်မလောက်ရှိပြီး ဘယ်ခေတ်က ဗုံးသီးဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါဗုံးသီး ၂၁၅ လုံးအား ခမရ ၃၀၇ မှတဆင့် မိုင်းရှာဖွေရှင်းလင်းရေးတပ်ဖွဲ့ (ဘီအီး) ကို လွှဲပြောင်းပေးအပ်ဖို့ စဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013