DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် အလွတ်သဘောတွေ့ဆုံမှုများ ဆက်လုပ်သွားမည်ဟု ကေအန်ယူပြော
DVB
·
April 25, 2019
အစိုးရနှင့် အလွတ်သဘောတွေ့ဆုံမှုများ ဆက်လုပ်သွားမည်ဟု ကေအန်ယူပြော
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (အန်အာပီစီ)နဲ့ လာမယ့်မေလမှာ အလွတ်သဘော ဆက်လက် တွေ့ဆုံသွားမယ်လို့  ကေအန်ယူ ဗဟိုကော်မီတီဝင်တဦးက ပြောပါတယ်။

အခု ဧပြီလ ၂၃ ရက်ကနေ ၂၅ ရက်အထိ ၃ရက်ကြာကျင်းပတဲ့ ခရိုင်တပ်မဟာ ခေါင်းဆောင်တွေနဲ့ ကေအန်ယူ ဗဟိုကော်မီတီဝင်တွေရဲ့ အစည်းအဝေးမှာ ထည့်သွင်း ဆွေးတာပါ။

ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဦးဆောင်ပြီး နေပြည်တော်မှာ အစိုးရနဲ့ အလွတ်သဘော သွားရောက်တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုတွေကို ပြန်လည်ချပြခဲ့သလို မြေပြင်ဘက်က အခြေအနေတွေကိုလာလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဗဟိုကော်မီတီဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ ကေအန်ယူအနေနဲ့ကတော့ အလွတ်သဘောကတော့ ဆက်တွေ့မယ်။ formal ကျတော့ ယာယီရပ်ဆိုင်းထားတာပေါ့။ ကျနော်တို့လိုချင်တဲ့  ဦးတည်ချက်ပြန်တည့်လာနိုင်ဖို့တော့ ကျနော်တို့ အလွတ်သဘောနဲ့ တွေ့ရမယ်။ ဆက် တွေ့မယ့်။ ကျနော်တို့လိုချင်တဲ့ ဦးတည်ချက် တည့်လာပြီဆိုလို့ရှိရင်တော့  formal ဘက်ဝင်ဖို့၊ အခုတော့ အဲလိုအနေအထား မရောက်သေးဘူး။ ဆက်ကြိုးစားတုန်းပဲလေ။ အခုလည်း မကြာခင် မေလကျရင် ကျနော်တို့ ဆက်တွေ့ဖို့ရှိတယ်။ ပြီးတော့ JMC (အပစ်ရပ်ပူးပေါင်းစောင့်ကြည့်အဖွဲ့) နဲ့ပတ်သက်တာကလည်း အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင်ဆိုပြီးတော့ တွေ့ဖို့ ရှိတယ်။ ”

တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့နဲ့  အစိုးရတို့ရဲ့ တရားဝင်ဆွေးနွေးပွဲတွေ ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ကတည်းက ရပ်ဆိုင်းနေတာပါ။

ကေအန်ယူအနေနဲ့ ငြိမ်းချမ်းရေးကို အန်စီအေ လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ သံန္နိဌာန်ချထားပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်နေတယ်လို့ ကေအန်ယူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ဧပြီ ၁၁ ရက်နေ့ တွေ့ဆုံပွဲအပြီး ပြောဆိုခဲ့ပါတယ်။  

ဓာတ်ပုံ-KNU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013