DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်သည့် မြန်မာ ၅ ဦးနှင့်ဗြိတိန် ၁ ဦး ဖမ်းဆီးခံရ
DVB
·
April 25, 2019
ထိုင်းတွင် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်သည့် မြန်မာ ၅ ဦးနှင့်ဗြိတိန် ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းတောင်ပိုင်း ကရပီခရိုင် ဖီးဖီးကျွန်းပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်လုပ်နေတဲ့ ဗြိတိန်နိုင်ငံသား ၁ ဦး နဲ့ မြန်မာ ၅ ဦးတို့ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကရပီခရိုင် ကရပီမြို့နယ် အောဝ်နန်းအုပ်စုရှိ ဖီးဖီးကျွန်းပေါ်မှာ နိုင်ငံခြားသားတွေ ခွင့်ပြု ချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်နေကြောင်း တိုင်ကြားချက်ရတဲ့အတွက် မြို့နယ် လ၀က၊ ရဲ နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က စားသောက်ဆိုင်တဆိုင်ကို ၀င်ရောက်စစ်ဆေးခဲ့တာပါ။

အဆိုပါ စားသောက်ဆိုင်ကနေ ခွင့်ပြုချက်မရှိဘဲ ခရီးသွားဧည့်လမ်းညွှန်နဲ့ ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူ အသက် ၂၈ နှစ်ရွယ် MR.Benjamin Richard Stones ဆိုသူ ဗြိတိန်နိုင်ငံသား ၁ ဦး နဲ့ မြန်မာနိုင်ငံသား ၅ ဦးတို့ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

MR.Benjamin မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က မလေးရှားနိုင်ငံကနေ ဖူးကစ် နိုင်ငံတကာလေဆိပ်ကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ၀င်ရောက်လာခဲ့တာဖြစ်ပြီး အလုပ်လုပ်နေ တာကြောင့် နိုင်ငံခြားအလုပ်သမားများဥပဒေအရ အရေးယူခံရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသား ၅ ဦးမှာလည်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှု၊ ကန့်သတ်ထားတဲ့ လုပ်ငန်းအမျိုးအစားမှာ ၀င်ရောက်လုပ်ကိုင်မှုတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး နေရင်းနိုင်ငံပြန်ပို့ခံရ မယ်လို့  ကရပီရဲစခန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013