DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် လင်ခရူဇာကားတစီး Mytel ဖုန်းတိုင်ကို တိုက်မိမီးလောင်
DVB
·
April 25, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် လင်ခရူဇာကားတစီး Mytel ဖုန်းတိုင်ကို တိုက်မိမီးလောင်
Donate to DVB

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၁/၁ မိတ္ထီလာမြို့နယ်မှာ ဧပြီ ၂၅ ရက်မနက်က အဖြူရောင် လင်ခရူဇာကားတစီး Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတိုင်ကို တိုက်မိပြီး မီးလောင်သွားခဲ့တယ်လို့ မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်မှူး ဦးကျော်ဆန်းက "ယာဉ်မောင်းက ထွက်ပြေးသွားတယ်။ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ နဲ့ မီးသတ်ကား ၇ စီး သုံးလိုက်ရတယ်။ ရေဂါလန် ၃၉၀၀ သုံးစွဲရတယ်။ ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး ၇၈ သိန်းလို့ မှန်းထားတယ်" လို့  ပြောပါတယ်။

တိုက်သွားတဲ့ ကားရဲ့ရာဇဝင်ကို ကညနမှာ စုံစမ်းနေတဲ့အကြောင်းနဲ့ မနက်အစောကြီး ဖြစ်သွားတာပါ။ ဆီပိုက်ပေါက်ပြီး အင်ဂျင်ပူပေါ်ကျတာကြောင့် မီးလောင်သွားတယ် ထင်ပါတယ်"လို့ မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျရဲ အရာရှိကပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းမှာ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းအား ယာဉ်မဆင်မခြင်မောင်း၍ အသက်အန္တရာယ်ဖြစ်စေမှု၊ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ နဲ့ အမှုအမှတ် (ပ)၁၈၄/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013