DVB Logo
Home
မြန်မာသတင်း
မိခင်မွေးနေ့အတွက် ဂစ်တာတီးဆုတောင်းပေးခဲ့သည့် အိန္ဒြာကျော်ဇင်၏ သားငယ်လေး(ရုပ်သံ)
DVB
·
April 25, 2019
မိခင်မွေးနေ့အတွက် ဂစ်တာတီးဆုတောင်းပေးခဲ့သည့် အိန္ဒြာကျော်ဇင်၏ သားငယ်လေး(ရုပ်သံ)
Donate to DVB

    မိခင်မွေးနေ့အမှတ်တရ ဂစ်တာတီးကာ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ သားငယ်လေး ပြေဓီရရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ပရိသတ်တွေ ကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

    ဒါဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက် ဆု တောင်းပေးခဲ့တာဖြစ်ပြီး ဖခင်ဖြစ်တဲ့ သရုပ်ဆောင်မင်းသား ပြေတီဦးက သူ့ရဲ့ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

    “ပြေဓီရ… မင်း အဖေ့ထက်အများကြီးသာသွားပြီကွာ... သူ့အမေအတွက် Happy Birthday သီချင်းကို ကိုယ်တိုင် ဂစ်တာတီးပြီးဆိုနေသော ပြေဓီရ”

    ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သားငယ်လေး ပြေဓီရက ဂစ်တာကို ဟန်ပါပါ တီးခတ် ပြခဲ့ပြီး “Happy Birthday to you… Happy Birthday to you… Happy Birthday ! Happy Birthday ! Happy Birthday မေမေ” လို့ သီဆိုအဆုံးသတ်ခဲ့ချိန်မှာတော့ မိခင်နဲ့ ဖခင်ဖြစ်သူတို့က လက်ခုပ်တီးအားပေးခဲ့ကြတာ ဖြစ်ပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေ အသီးသီး ရရှိထားကြတဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ပြေဓီရဟာ  အသက် ၃ နှစ်ကျော် လောက်အရွယ်ရှိနေပြီဖြစ်ပြီး သမီးကြီး ဖြစ်တဲ့ ပြေသုဒြာကတော့ မူကြိုတက်နေပြီဖြစ် ပါတယ်။

လတ်တလောမှာတော့ သားငယ်လေးရဲ့ မွေးနေ့ဆုတောင်းရုပ်သံဗွီဒီယိုဖိုင်ကို ၀င် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သောင်းနဲ့ချီရှိနေခဲ့ပြီး ချီးကျူးမှတ်ချက်ပေးသူတွေ၊ အိန္ဒြာကျော်ဇင်ကို မွေးနေ့ဆုတောင်းပေးသူတွေနဲ့အတူ ပြန်လည်မျှဝေသူတွေနဲ့ ရေပန်း စားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013