DVB Logo
Home
မြန်မာသတင်း
ချောက်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသော ကျေးရွာ ၇ ရွာအား စက်ရေတွင်းတူးဖော်ပေး
DVB
·
April 25, 2019
ချောက်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသော ကျေးရွာ ၇ ရွာအား စက်ရေတွင်းတူးဖော်ပေး
Donate to DVB

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာ ၇ ရွာမှာ မြေအောက် စက်ရေတွင်းတူးဖော်ပေးတဲ့ လုပ်ငန်းတွေ ​ဆောင်​ရွက်​​နေ​ကြောင်း မြို့နယ်​ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက ပြောပါတယ်။

မင်းဒေါင့်ကျေးရွာ၊ မကျီးပင်တပ်ကျေးရွာ၊ မလွှတောင်ကျေးရွာနဲ့ တောင်နောက်ကျေးရွာ တို့မှာ ပြည်ထောင်စုအစိုးရ ဘတ်ဂျတ် ငွေကျပ်သန်း ၁၂၆ ကျော်၊ ညောင်ပင်သာကျေးရွာအတွက် မွန်းမံရန်ပုံငွေ ကျပ်သန်း ၃၄ ကျော်၊ အင်ကြင်းဖုန်းတဲတိုက်အတွက် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေ ကျပ်သန်း ၂၃ ကျော်၊ စမ်းစုကျေးရွာ အတွက် သမ္မတ ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၂၀ လောက်နဲ့  မတ်၊ ဧပြီ နဲ့ မေလ လယ်အထိ စက်ရေတွင်းတူးဖော် ပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတယ်လို့ ချောက်မြို့ ကျေးလက်ဒေဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်ရေတွင်း တူးဖော်နေစဉ် သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ စမ်းစု ကျေးရွာကို ဧပြီလအတွင်းမှာ သောက်သုံးရေ ရေဂါလန် ၇၀၀၀၊ တပတ်ကို တကြိမ်နှုန်း ရေဂါလန် ၄၀၀၀ သွားရောက် ရေလှူဒါန်းနေတယ်လို့ ဆိုပါတယ်။

မကျီးပင်တပ်ကျေးရွာမှာ သတ်မှတ်ပေ အနက်အထိ စက်ရေတွင်းတူးဖော်ပေမယ့် မြေအောက်ရေကျော မတွေ့ရှိသောကြောင့် ပေ ၂၅၀၀ လောက်ဝေးတဲ့ မြင်းသောက်ကန် ရေကန် မှ ပိုက်လိုင်းနဲ့ အိမ်တိုင်ရာရောက် ရေပေး​ဝေနေတယ်လို့ သိရပါတယ်​။

ချောက်မြို့နယ်အတွင်းရှိ ဝရကုန်းကျေးရွာ၊ နရွဲတော အရှေ့နဲ့ နရွဲတော တောင်ရွာတို့ရှိ မြေအောက်ရေတွေက ရေငန်ခါးတွေဖြစ်ပြီး ထန်းပင်ခြောက်ကျေးရွာ၊ ထန်းစုကျေးရွာနဲ့ ဆူးတပ်ကျေးရွာတွေဟာ မြေအောက် အနက်ပေ ၁၀၀၀ ကျော် တူးဖော်ရမယ့် ကျေးရွာတွေ ဖြစ်ပါတယ်။

၂၀၂၀ ပြည်နှစ်မှာလည်း ဆူးတပ်ကျေးရွာကို စက်ရေတွင်း တူးဖော်တဲ့လုပ်ငန်း ဆောက်ရွက်သွားမယ်​လို့ သိရပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013