Home
မြန်မာသတင်း
မိတ္ထီလာတွင် စစ်ကျန်ဗုံးသီးဟောင်း ၄ လုံး တွေ့ရှိ
DVB
·
April 25, 2019
58441733_2908914579247540_2478012738983428096_o
58373511_2908914499247548_7546828713887793152_n
57763893_2908914462580885_2181771965356834816_n
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် ၂ အထက်တန်းကျောင်း အုတ်တံတိုင်းဘေးမှာ ဧပြီ ၂၄ ရက်က မြေအောက်ကေဘယ်လ်လိုင်းကြိုးထားရှိဖို့ လိုင်းကျင်းတူးရာမှ စစ်ကျန်ဗုံးသီးဟောင်း ၄ လုံး တွေ့ရှိတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းတာဝန်ကျ ရဲအရာရှိက "ကေဘယ်လ်လိုင်းကျင်းတူးတဲ့ အလုပ်သမားတဦးက တွေ့တာပါ။ ဗုံးသီးတွေက သံချေးတက်နေတယ်။ အမှတ် ၉၁၁ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ မိတ္ထီလာမြို့အမှတ် ၂ ရဲစခန်းက အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ ၃ ကို အရှည် ၁၇ လက်မ လုံးပတ် ၁၂ လက်မရှိ စစ်ကျန်ဗုံးသီးဟောင်း ၄ လုံးအား ဒီနေ့မနက် ၁၀ နာရီခွဲမှာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024