DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်တွင် ဆေးခြောက်စိုက်ပျိုးသူ ၃ ဦးကို ရဲတပ်ဖွဲ့ကအမှုဖွင့် အရေးယူ
DVB
·
April 24, 2019
ငါန်းဇွန်မြို့နယ်တွင် ဆေးခြောက်စိုက်ပျိုးသူ ၃ ဦးကို ရဲတပ်ဖွဲ့ကအမှုဖွင့် အရေးယူ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ တွေ့ရတဲ့ စိုက်ခင်းဟာ ချဉ်ပေါင်လျှော်ဖြူပင်မဟုတ်ဘဲ ဆေးခြောက်စိုက်ခင်းတွေဖြစ်နေလို့ အမေရိကန် နိုင်ငံသားတဦးအပါအ၀င် စိုက်ပျိုးသူ ၃ဦးကို ရဲတပ်ဖွဲ့က အရေးယူလိုက်ပါတယ်။

ဧပြီ ၂၂ ရက်နေ့က မူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ  သတင်းအရ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂) လုပ်ကွက် အတွင်းရှိ ကုမ္ပဏီတခုနဲ့ စိုက်ခင်းကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးတဲ့အခါ  စိုက်ခင်း ဧက ၂၀ မှာ ဆေးခြောက် အပင်ပေါင်း ၃၄၉,၂၉၀ ခန့်၊ ပျိုးပင် ၅၂၀ဝ ခန့်၊  ဆာလာအိတ် ၁၉ အိတ်အတွင်းကနေ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ Formic Acid ၁ လီတာ၊ အက်သနော အရည် ၄၅.၆ လီတာ၊ အယ်ကိုဟောအရည် ၂၂.၈ လီတာ၊ Bio Maxs အစိမ်းရောင်အရည် ၆ လီတာ၊ Acetone အရည် ၅ လီတာ၊ Acetonitrile အရည် ၅ လီတာ၊ Concort Water ၃ လီတာ၊ Methonal အရည် ၁၂.၅ လီတာ၊ အမိုနီယမ်ဖော့စဖိတ် ၅၀ဝ ဂရမ်ပါ မော်တော်ယာဉ် ၂ စီး၊ ဆေးခြောက် ၂၇၀.၅ ကီလိုနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မူးယစ်ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

ဆေးခြောက်စိုက်ပျိုးသူတွေဖြစ်တဲ့ ရှိန်းလတ်(၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်၊ အမေရိကန်နိုင်ငံသားတွေဖြစ်ကြတဲ့ Mr. John Fredric Todoroki (၆၃)နှစ် တို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး Mr. Alexander Skemp Todoroki (၄၉)နှစ် ကိုတော့ စုံစမ်းရှာဖွေနေပါတယ်။

ဓာတ်ပုံ-CCDAC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013