DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 24, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၇၉၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် ၂၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၀၀၀၀ ကနေ ၉၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၄၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၃၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ (နိုင်းတူးနိုင်း)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ၅၆ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၈၁၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) တအိတ်ကို ၈၁၆၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မုန်လာဥနီ

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ မုန်လာဥနီက တပိသာကို ၁၅၀၀ ကနေ ၁၈၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ မုန်လာဥနီ တပိသာကို ၅၅၀ ပေါက်ဈေးရှိပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ ၁၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပန်းဂေါ်ဖီ

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီိတပွင့်ကို ၆၀၀ ကနေ ၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ပန်းဂေါ်ဖီတပွင့်ကို ၃၃၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ ၄၇၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဂေါ်ဖီထုပ်

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၆၀၀ ကနေ ၈၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၅၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013