DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးကို အပူဒဏ်ကြောင့်ဖြစ်သည့် Heat Stroke လူနာ ၁ဦး ပထမဆုံးရောက်လာ
DVB
·
April 24, 2019
ရန်ကုန်ဆေးရုံကြီးကို အပူဒဏ်ကြောင့်ဖြစ်သည့် Heat Stroke လူနာ ၁ဦး ပထမဆုံးရောက်လာ
1 / 4
Donate to DVB

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ Heat Stroke လူနာတဦး ပထမဆုံးအကြိမ် လာရောက်ဆေးကုသမှုခံယူနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူက ပြောပါတယ်။

လူနာဟာ ရန်ကုန်ဆေးရုံကြီးကို ဧပြီလ ၂၂ ရက်နေ့က ရောက်ရှိ လာတာဖြစ်ပြီး လက်ရှိမှာတော့ လူနာကို ICU မှာထားရှိပြီး ဆေးကုသပေးနေတာပါ။

Heat Stroke နဲ့ ဆေးကုသခံနေရတဲ့လူနာဟာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ဈေးရောင်းနေသူတဦးဖြစ်ပြီး သူဟာ အရက်အလွန်အကျွံ သောက်သုံးသူတဦးဖြစ်တဲ့အပြင် အဖျားဝေဒနာကို ခံစားနေရကာ Heat Stroke လူနာအနေနဲ့ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာတာပါ။

ကိုယ်ခန္ဓာပူနွေးခြောက်သွေ့ပြီး အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ရှိကာ ဦးနှောက်အာရုံကြော ဆိုင်ရာလက္ခဏာတွေဖြစ်တဲ့ တက်တတ်တာတွေ၊  ကယောင်ကတမ်းဖြစ်တာတွေနဲ့ သတိလစ်တာတွေစတဲ့ လက္ခဏာတွေဖြစ်ပေါ်တဲ့ လူတွေကို Heat Stroke လူနာအနေနဲ့ သတ်မှတ်တာဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ Heat Stroke လူနာတွေ ရောက်ရှိလာရင် ကုသမှုတွေကို ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ဖို့  သီးသန့် အခန်းတွေကို ထားရှိ ပြင်ဆင်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရန်ကုန်ဆေးရုံကြီးကို Heat Stroke ကြောင့် ရောက်ရှိလာတဲ့လူနာ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013