DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာပူးပေါင်းရိုက်ကူးမည့် ပုဂံရတနာသိုက်ဇာတ်လမ်းတွဲတွင် နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည် တို့ ပါဝင်မည်(ရုပ်သံ)
DVB
·
April 24, 2019
တရုတ်-မြန်မာပူးပေါင်းရိုက်ကူးမည့် ပုဂံရတနာသိုက်ဇာတ်လမ်းတွဲတွင် နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည် တို့ ပါဝင်မည်(ရုပ်သံ)
Donate to DVB

    တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် ပုဂံရတနာသိုက်အမည်ရတဲ့ ဇာတ် လမ်းတွဲထဲမှာ မြန်မာနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နိုင်းနိုင်းနဲ့ ၀တ်မှုန်ရွှေရည်တို့လည်း ပါဝင်ကြမယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့  ဒုတိ ယအကြိမ် “Belt and Road” ထိပ်သီးအစည်းအဝေး ပေကျင်းမြို့မှာ ကျင်းပခဲ့ခြင်း အတွက် “ကျွန်ုပ်တို့၏ပိုးလမ်းမ” အမည်ရ ဓာတ်ပုံပြပွဲနဲ့ “ပုဂံရတနာသိုက်” ဇာတ်လမ်းတွဲ မိတ်ဆက်တဲ့ အခမ်းအနားကို ဧပြီ ၂၃ ရက်က ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှု စင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ပုဂံရတနာသိုက်” ဇာတ်လမ်းတွဲကတော့ “Lost in Thailand” နမူနာပုံစံ မြန် မာဇာတ်ကားဖြစ်ပြီး တရုတ်နိုင်ငံက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့အတူ မြန်မာနိုင်ငံက သရုပ်ဆောင်တွေပါ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁ သန်းခွဲအကုန်အကျခံ ရိုက်ကူးသွားမှာ ဖြစ်ပြီး တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ တခြားအရှ့တောင်အာရှနိုင်ငံတွေမှာပါ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

တရုတ်လူငယ်တစ်ဦး မြန်မာနိုင်ငံမှာ ရတနာသိုက်တွေ လာရောက်ရှာဖွေရင်း တရုတ်နဲ့ မြန်မာလူငယ်တွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အတွေ့အကြုံတွေကို ကြည်နူး ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဟာသဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီလေးခု အတူလက်တွဲကာ ရိုက်ကူးသွားမယ့် ဒီ ရုပ်ရှင်ကို  တရုတ်နိုင်ငံနဲ့ တကမ္ဘာလုံးကို မိတ်ဆက် ပြသသွားမှာဖြစ်တဲ့အတွက် ဒါဟာ မြန်မာခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်စေမှာဖြစ်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ခံ လီရှောင်ယန်က ပြောပါတယ်။

    ဒီကားရိုက်ဖို့အတွက် အချိန် ၆ လလောက်ကြိုတင်ပြင်ဆင်နေခဲ့ရတာဖြစ်ပြီး မြန် မာနိုင်ငံမှာ မကြာခင်မှာ စတင်ပြီး ရိုက်ကူးရေးလုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013