DVB Logo
Home
မြန်မာသတင်း
ချောက်​မြို့နယ်​အတွင်း ကျေးရွာများတွင် ​သောက်​​ရေ ခက်​ခဲ​နေ
DVB
·
April 24, 2019
ချောက်​မြို့နယ်​အတွင်း ကျေးရွာများတွင် ​သောက်​​ရေ ခက်​ခဲ​နေ
1 / 5
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နဲ့ ၁၀ မိုင်လောက်အဝေးရှိ ဆင်ကကျေးရွာအုပ်စု ဝရကုန်းကျေးရွာမှာ ဒေသခံရွာသားတွေ သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

ဝရကုန်း​ကျေးရွာမှာ အိမ်​​ခြေ ၉၆ အိမ်​၊ လူဦး​ရေ ၄၆၀လောက်ရှိပြီး  နွေရာသီအချိန်ရောက်တိုင်း ၃ မိုင်ဝေးတဲ့ မိုလာကျေးရွာကနေ ရေတစည်ကို ကျပ်  ၁၅၀၀ နှုန်းနဲ့ ၀ယ်ယူ သုံးစွဲနေရတာဖြစ်ပါတယ်​။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဆောင်က “စက်ရေတွင်းတော့ရှိတယ်။ တစ်နာရီကို ၁၄ စည်၊ ၁၅ စည်လောက်ပဲထွက်တယ်။ ရေ အမျိုးအစားက သောက်လို့မရဘူး။ သုံးလို့တော့ရတယ်။ ရေက ငံတာလည်းပါတယ်။ ခါးလည်းခါးတယ်”လို့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးသန်း​ဆောင်​ က​ပြောပါတယ်​။

ဧပြီ ၂၃ ရက်မနက်က ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း ဦးဆောင်တဲ့ ရဲတပ်ဖွဲဝင်တွေက သောက်သုံးရေအခက်အခဲဖြစ်နေတဲ့ အဆိုပါ​ကျေးရွာကို ၂၀ လီတာဆန့် ရေသန့်ဘူးကြီး ၁၀၀နဲ့ ရေဘောက်ဆာကား ၂ စီး  ရေဂါလံ ၆၈၀၀ သွားရောက် လှူဒါန်းခဲ့ပါတယ်။

ရဲမှူးသိန်းဌေးဝင်းက “ဆင်ကကျေးရွာအုပ်စု ဝရကုန်းကျေးရွာက ချောက်မြို့နယ်ထဲမှာ ရေအရှားဆုံးရွာပေါ့။ စက် ရေတွင်းတော့ရှိတယ်။ ရေငန်ထွက်တယ်။''လို့ ပြောပါတယ်​။

မီးသတ်ဦးစီးဌာနက အခုနှစ် နွေရာသီအချိန် ဧပြီလအတွင်း သောက်သုံးရေ အခက်အခဲ ဖြစ်နေတဲ့ ညောင်ပင်သာကျေးရွာ၊ ကန်သာကျေးရွာ၊ ပြည့်ပင်ကျေးရွာနဲ့ ကုန်းရွာတို့ကို ရေသန့်ဘူးကြီးတွေနဲ့ ရေဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ်နဲ့ တပတ်ကိုတကြိမ်နှုန်း သွားရောက် လှူဒါန်းနေတယ်လို့​ မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်က​ပြောပါတယ်​။

သတင်း-​ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013