DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းကိစ္စ တာဝန်ခံမှုအပြည့်ဖြင့် ပြည်သူကိုရှင်းပြမည်ဟု အန်အယ်လ်ဒီပြော
DVB
·
April 24, 2019
မြစ်ဆုံစီမံကိန်းကိစ္စ တာဝန်ခံမှုအပြည့်ဖြင့် ပြည်သူကိုရှင်းပြမည်ဟု အန်အယ်လ်ဒီပြော
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် လက်ရှိနိုင်ငံ ခေါင်းဆောင်တွေဟာ ရာထူး မက်မောလို့၊ ကိုယ်ကျိုးစီးပွားအတွက်လုပ်တာမဟုတ်တဲ့အတွက် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သူတို့ရဲ လုပ်ဆောင်မှုတွေကို ပြည်သူကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ရှင်းပြမှာဖြစ်တယ်လို့  အန်အယ်လ်ဒီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကိုဆက်လုပ်ဖို့ တရုတ် အစိုးရက ဖိအားပေး လုပ်ဆောင်ဖို့ကြိုးစားလာတာကြောင့် မြန်မာပြည်သူအကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာသလို ဧရာဝတီကိုပြန်လည်ရွေးယူဖို့ဆိုတဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

ဧရာဝတီမြစ်ကို မီတင်းနေထိုင်ကြတဲ့ဒေသဟာ မြန်မာနိုင်ငံဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပါဝင်နေတာကြောင့် မြစ်ဆုံဆည် တည်ဆောက်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာ၊ နိုင်ငံရဲ့ အချုပ်အချာအာဏာ ထိခိုက်နိုင်တာ၊ လယ်ယာမြေပျက်စီးဆုံးရှုံးမှုတွေ များလာနိုင်တာကြောင့် မလုပ်ဖို့ ပညာရှင်တွေက တိုက်တွန်းထားသလို ပြည်သူအကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာတာပါ။

မြစ်ဆုံစီမံကိန်းဟာ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်၊ နိုင်ငံစီးပွားရေးနဲ့နိုင်ငံတကာ ဖိအားတွေ တနည်း တဖုံဆက်စပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“အခု သူတို့ပြောနေတာ သဘာဝပတ်ဝန်းကျင်အရေးကို ထိပ်ဆုံးကထား ပြောနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံဟာ အင်မတန်ကို အခက်ခဲပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်း များစွာ ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ နှစ်ပေါင်း၇၀ကျော်တဲ့ ပြည်တွင်း စစ်ရယ်၊ နိုင်ငံစီးပွားရေးရယ်၊ နိုင်ငံတကာဖိအားရယ်၊ နောက်ဖြစ်နေတဲ့ ပြည်တွင်းစစ်ရယ် အဲဒါအားလုံးဟာလည်း ဒီမြစ်ဆုံစီမံကိန်းနဲ့ တနည်းတဖုံဆက်စပ်နေပါတယ်”လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကို ပြည်သူတွေ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့အပေါ် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ်က ရပ်ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013