DVB Logo
Home
မြန်မာသတင်း
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးသီချင်းနှင့် အစွမ်းပြခဲ့ကြသည့် The Voice Myanmar ပြိုင်ပွဲဝင် ခွန်းဝတီပြည့်နှင့် အေးသဇင်မောင်(ရုပ်သံ)
DVB
·
April 24, 2019
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးသီချင်းနှင့် အစွမ်းပြခဲ့ကြသည့် The Voice Myanmar ပြိုင်ပွဲဝင် ခွန်းဝတီပြည့်နှင့် အေးသဇင်မောင်(ရုပ်သံ)
Donate to DVB

“ဝိညာဉ် စိတ်ရှိုင်းနက်တယ်… ကလူသလိုလူကို မြူဆွယ်ကျီစယ်… ဘုရားသခင် ရှေ့ကျွန်ုပ် ရောက်တယ်… တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါးကွယ်”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီးတေးရေးဆရာ ကိုလေးလွင်ရဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးသီချင်းရဲ့ စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ သန်းနိုင်နဲ့ အယ်လ်ခွန်းရီ တို့က သီဆိုခဲ့ဖူးပြီး အဲဒီနောက်မှာလည်း အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုပြီး လူသိများခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

“ငွေစန္ဒာယာဉ်အရောင် ပြိုးပြိုးပြက်ပြက်ဆောင်… ဘယ်ဆီခေါ်မယ် ပြောလည်း မပြောဘဲ… ပွေ့လို့ချီယူ ဘုံပျံနတ်နန်း လေးဆီ… ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်”

ဒီတခါမှာတော့ လှပပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဒီသီချင်းကို The Voice Myanmar သီ ချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ပေါ်မှာ ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီပြိုင်ပွဲရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ Battle Round ကို ယှဉ် ပြိုင်နေကြတာဖြစ်ပြီး ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့သူတွေကတော့ ပြိုင်ပွဲဝင် ခွန်းဝတီပြည့်နဲ့ အေးသဇင်မောင်တို့ပဲ ဖြစ်ပါတယ်။

ပုံစံတမျိုးနဲ့ ဆွဲဆောင်မှုရှိနေတဲ့ သီချင်းတပုဒ်တည်းကို သူတို့ ၂ ယောက် အတူ သီဆိုယှဉ်ပြိုင်မှုဟာ Coach တွေကိုသာမက ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး အဆိုပ ညာအစွမ်းပြနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။

နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက သူတို့ ၂ ယောက်မှာ တယောက်ကိုသာ ရွေးချယ်မှာဖြစ် လို့ အချီအချညီညီ အမှားအယွင်းမရှိ သီဆိုနိုင်တဲ့ သူတို့ ၂ ယောက်ထဲက ဘယ်သူ့ကို  ရွေးချယ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။

“ကိုယ့်ကို အများသူက မမြင်… ပီပီပြင်ပြင် အခြေအနေကိုကွယ်… ပြောပြ တော့ ဝမ်းနည်းမိတယ်… တမလွန်ဘုံမှာ အိပ်စက်ရပေါ့ကွယ်”

ခွန်းဝတီပြည့်ဟာ Blind Audition မှာတော့ တူးတူးရဲ့ မပြောင်းလဲနိုင်တဲ့ အချစ်သီ ချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အေးသဇင်မောင်ကတော့ တင့်တင့်ထွန်းရဲ့ ကြင်နာချင်လွန်း လို့ သီချင်းနဲ့ ယှဉ်ပြိုင်ကာ အစွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။

ခုဒုတိယအဆင့် Battle Round မှာတော့ သူတို့ ၂ ယောက်လုံးမှာ ဘယ်သူက ပို သာသလဲဆိုတာ ခွဲခြားမရနိုင်အောင် ရှိနေခဲ့တာကို တွေ့ရပါတယ်။

“မမြင်ဘူးလို့ တော်တော်ကြာအောင် ငေးမောလို့ကြည့်တယ်… လှေငယ်တေလေ ဘယ်ဆီဘယ်ဝယ်… သွားမလို့နော် အသိခက်ပြီကွယ့်… တစ်ယောက်တည်း လိုက်ခဲ့ ပြောတယ်… ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်”

သီချင်းအဆုံးထိ သီဆိုယှဉ်ပြိုင်ကြအပြီးမှာတော့ နီနီခင်ဇော်က ခွန်းဝတီပြည့်ကို ရွေးချယ်ခဲ့တာပါ။

ဒါပေမယ့် ဒီအဆင့်မှာ တခြား Coach တွေက Steal လုပ်လို့ရနေတာဖြစ်ပြီး ကျန်ခဲ့ တဲ့ အေးသဇင်မောင်ကို Coach ၂ ဦးဖြစ်တဲ့ ကျားပေါက်နဲ့ ရန်ရန်ချန်းတို့က ပြန်ပြီး ကယ် ခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ အေးသဇင်မောင်က Coach ၂ ဦးတည်းက ဘယ်အဖွဲ့ကို သွားမလဲ ရွေးချယ်ရချိန်မှာတော့ ကျားပေါက်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013