DVB Logo
Home
မြန်မာသတင်း
ရေရှားပါးမှုဒဏ်ခံနေရသည့် ဖိုလ်ဝင်တောင်ရှိ မျောက်များအတွက် သောက်ရေလှူဒါန်း
DVB
·
April 24, 2019
ရေရှားပါးမှုဒဏ်ခံနေရသည့် ဖိုလ်ဝင်တောင်ရှိ မျောက်များအတွက် သောက်ရေလှူဒါန်း
1 / 6
Donate to DVB

နွေရာသီမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ဖိုလ်ဝင်တောင်ရှေးဟောင်း ယဉ်ကျေးမှုဒေသက မျောက်တွေ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရတာကြောင့် မြို့နယ် မီးသတ်ကနေ သောက်ရေ လှူဒါန်းပေးနေပါတယ်။

အခုနှစ် မတ်လလောက်ကစတင်ကာ မျောက်တွေ သောက်တဲ့ ရေကန်တွေက ရေခမ်းခြောက်နေတာဖြစ်လို့ အပတ်စဉ် ရေသယ်ယာဉ်တွေနဲ့ မျောက်တွေ သောက်နေကျ ရေကန်ကို  ရေတွေ ဖြည့်ပေးနေတာ ၃ ကြိမ်ခန့်ရှိပြီလို့ သိရပါတယ်။

ယင်းမာပင် မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုးက "အရင်နှစ်ကတော့ မျောက်တွေအတွက် သီးသန့်တော့ မရှိဘူး။ ဒီနှစ်တော့ ဒေသခံတယောက်က မျောက်တွေအတွက် ရေပြတ်နေပြီဆိုပြီး ဆက်သွယ်လာလို့ လှူတာပါ။ ၃ ပတ်လောက်ရှိပြီ။ အရင် အပတ်တွေကတော့ တခါလှူရင် ကား ၂ ခေါက်ပေါ့လေ။ ဂါလံ ၁၆၀၀ လောက်ရှိမှာပေါ့။ မနေ့ကတော့ မိုးချုပ်လို့ တခေါက်ပဲ ပို့နိုင်တယ်။ မိုးမရွာမချင်းတော့ ဒီလိုပဲ လှူရဦးမှာပါ။"လို့ ပြောပါတယ်။

ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေနဲ့ မနှစ်က နွေရာသီမှာ ရေရှားပါးတဲ့ ကျေးရွာတွေကို အကြိမ်ရေ ၃၀ နဲ့ ၄၀ ကြား ရေလှူဒါန်းခဲ့ရပြီး အခုနှစ်နွေမှာလည်း အကြိမ်ရေ ၃၀ ကျော်ပြီလို့ သိရပါတယ်။

တည်ပင်ကန်၊ ဖိုလ်ဝင်တောင်စတဲ့ ကျေးရွာတွေကို အများဆုံး သွားရောက်လှူ ဒါန်းတာဖြစ်ပြီး တခြား ဆက်သွယ်လာတဲ့ ကျေးရွာတွေကိုလည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

မျောက်တွေအတွက်တော့ ဒီနှစ်မှ စတင်ကာ ရေလှူဒါန်းတာဖြစ်ပြီး ဖိုလ်ဝင်တောင်မှာ ကျင်လည်ကျက်စားနေတဲ့ မျောက်ကောင်ရေ  ခန့်မှန်းချေ ၅၀၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013