DVB Logo
Home
မြန်မာသတင်း
မန္တလေး မီးပွိုင့်များအနီးတွင် သွားလာသူများအပူဒဏ်သက်သာစေရန် နေကာအမိုးများ တပ်ဆင်
DVB
·
April 23, 2019
မန္တလေး မီးပွိုင့်များအနီးတွင် သွားလာသူများအပူဒဏ်သက်သာစေရန် နေကာအမိုးများ တပ်ဆင်
1 / 5
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၈လမ်း၊ စစ်ကိုင်း-မန္တလေးလမ်းခွဲထောင့်မှာ လမ်းသွားလမ်းလာတွေ အပူဒဏ်သက်သာစေဖို့ နေကာအမိုးတွေ စတင်တပ်ဆင်နေပြီး မကြာခင် မြို့ပေါ် မီးပွိုင့်နေရာတချို့အနီးမှာ ဆက်လက် တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ နွေရာသီ နေ့အပူချိန် မြင့်တက်နေချိန် ဆိုင်ကယ်စီးသွားလာသူတွေ အပူဒဏ် သက်သာစေဖို့အတွက် မီးပွိုင့်တွေအနားမှာ နေကာအမိုးတွေ ပြုလုပ်ပေးသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောပါတယ်။

ဧပြီ ၁၂ရက်ကစပြီး မန္တလေးမြို့ရဲ့ ပုံမှန်နေ့အပူချိန်က တနေ့ထက်တနေ့ ပိုများလာခဲ့ပြီး သင်္ကြန်အတက်နေ့မှာ နေ့အပူချိန် ၄၂ ဒသ မ ၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ထိ ရောက်ရှိခဲ့ပါတယ်။

မန္တလေးမြို့ရဲ့ ပုံမှန်နေ့အပူချိန်ထက် ပိုပူနေချိန် လမ်းအသုံးပြုသူတွေ အပူရှိန် လျော့ကျစေ ဖို့ အတွက် ဧပြီ ၂၃ရက်မှစတင်ပြီး အခုလို နေကာ အမိုးတွေ ပြုလုပ်ပေးတာဖြစ်ပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “ကျနော့်အနေနဲ့ အစီအစဉ်ရှိပါတယ်၊ သင်္ကြန်ပွဲတော်ကာလနဲ့ အလုပ်ရှုပ်နေတာ ဖြစ်တဲ့အတွက် ဘာမှလုပ်လို့ရဘူး။ သင်္ကြန်ပြီးမှ အကုန်စဉ်းစားရတယ်။ ရာသီဥတု အပူချိန်ကို စဉ်းစားရတယ်၊ အခု ရာသီဥတုအပူချိန်က ၄၃ ဒီဂရီထိ ရောက်လာတော့ စပြီး စဉ်းစားရပြီး၊ မနေ့ကမှ အစည်းအဝေးထိုင်ပြီး လုပ်ဖြစ်တာပါ၊ ပထမဆုံး စမ်းသပ်ဆောင်ရွက်တာက အလှူရှင်က  အဆိုပြုတဲ့အတွက် စမ်းသပ် ဆောင်ရွက်တာပါ '' လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့ရဲ့ နေ့အပူချိန် မြင့်တက်နေချိန် မီးပွိုင့်မှာ လမ်းအသုံးပြုသူတွေ စောင့်ဆိုင်း စဉ် ကြုံတွေ့နေရတာတွေကို ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားတင်ပြမှုတွေ ရှိပြီး မီးပွိုင့်နေရာတွေမှာ နေကာ အမိုးတွေ လုပ်ပေးဖို့ အကြံပြု ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

မန္တလေးမြို့မှာ အချိန်အကြာကြီးစောင့်ရတဲ့ မီးပွိုင့်တွေ၊ ယာဉ်ကြောကြပ်တည်တဲ့ နေရာ တွေမှာ နေကာအမိုးတွေ တပ်ဆင်မှာဖြစ်ပေမယ့် နေကာအမိုး တပ်ဆင်နိုင်ဖို့ မြေတူး တိုင်စိုက်ရတဲ့အတွက် လမ်းပျက်စီးမှု အနည်းဆုံးရှိတဲ့နေရာတွေမှာသာ တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

အခု တပ်ဆင်မယ် နေကာအမိုးတွေကို နွေရာသီ နေ့အပူချိန်မြင့်ချိန်မှာသာ တပ်ဆင်ထား မှာဖြစ်ပြီး ကျန် မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ ဖြုတ်သိမ်းထားမှာဖြစ်ပါတယ်။

သတင်း- သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013