Home
ရုပျသံ
နေတိုး၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ အေးမြတ်သူတို့ ပါဝင်သည့် ပြုံးရွှင်ရေပျော်ရဲ့လားရုပ်ရှင်(နမူနာ)
DVB
·
April 23, 2019
53692824_298871720788776_5309655024782016512_o
မြန်မာဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ ပြုံးရွှင်ရေ ပျော်ရဲ့လားရုပ်ရှင်ကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နာ မည်ကြီး စာရေးဆရာ အကြည်တော်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ရုပ်ရှင်အ ဖြစ်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်ကြိုက် နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ အေးမြတ်သူစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားခဲ့ ကြတာ ဖြစ်ပါတယ်။ နေတိုးကတော့ ဒီကားထဲက အဓိကဇာတ်ကောင် လူရွှင်တော်တယောက်နေရာ က ပါဝင်ထားပြီး ပရိသတ်အကြိုက် ငိုရ၊ ရယ်ရအောင် သရုပ်ဆောင်ပြနေရပေမယ့် အဲဒီ နောက်ကွယ်မှာ ရှိနေတဲ့ ရင်နင့်ကြေကွဲစရာ အဖြစ်အပျက်ဇာတ်လမ်းတွေကိုပါ ဒီကားထဲ မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။   ဒီရုပ်ရှင်ကားထဲမှာ တေးရေးဆရာ ဓီရာမိုရ်က ရေးစပ်ထားပေးပြီး အဆိုတော် ညီ သူက သီဆိုပေးထားတဲ့ ဇာတ်ဝင်သီချင်းဟာလည်း ပရိသတ်တွေကြားမှာတော့ ရုံမတင် ခင်ကတည်းက ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော်ရှိနေခဲ့ တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024