DVB Logo
Home
မြန်မာသတင်း
အာဖရိကတွင် ဖျက်ဆီးခံရသည့် မြန်မာဆန်ကိစ္စ စင်ကာပူကုမ္ပဏီကို ခေါ်ယူကြားနာမည်
DVB
·
April 23, 2019
အာဖရိကတွင် ဖျက်ဆီးခံရသည့် မြန်မာဆန်ကိစ္စ စင်ကာပူကုမ္ပဏီကို ခေါ်ယူကြားနာမည်
Donate to DVB

အာဖရိကတိုက်အနောက်ပိုင်းက အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံရတဲ့ မြန်မာ့ဆန်တွေကိစ္စ တာဝန်ယူ တင်ပို့ခဲ့တဲ့ စင်ကာပူကုမ္ပဏီကို ခေါ်ယူကြားနာသွားမယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက ပြောပါတယ်။

အိုင်ဗရီကို့စ်နိုင်ငံအစိုးရအနေနဲ့ စားသုံးရန်မသင့်တဲ့ ဆန်အဖြစ် သတ်မှတ်ပြီး မြန်မာ့ဆန် တွေကို ဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်မှာရှိတဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး ပြည်ပတင်ပို့နေတဲ့ ဆန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုအရ အိုင်ဗရီကို့စ်နိုင်ငံက ဖျက်ဆီးလိုက်တဲ့ မြန်မာ့ဆန်တွေဟာ သင်္ဘော တင်ချိန်မှာ မိနစ်အနည်းငယ် မိုးမိခဲ့တဲ့အပြင် သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းမှာ ပုံမှန်ထက် ပိုမိုကြာမြင့်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ လုပ်ငန်းရှင်တွေနဲ့ ဝန်ကြီးဌာန တာဝန်ရှိသူ တွေက ဆိုပါတယ်။

ဒီအပြင် နိုင်ငံတကာဈေးကွက်အတွင်းမှာ နာမည်ထိခိုက်ခဲ့တဲ့ မြန်မာ့ဆန် အရည်အသွေး သတ်မှတ်ချက်အတွက် အကောင်းမွန်ဆုံး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ ဖျက်ဆီးခံရတဲ့ မြန်မာ့ဆန်တွေကို ဝယ်ယူ တင်ပို့ခဲ့တဲ့ ရန်ကုန်အခြေစိုက် စင်ကာပူ ကုမ္ပဏီဖြစ်တဲ့ Olan International ကုမ္ပဏီက တာဝန်ရှိသူတွေကို ခေါ်ယူပြီး ကြားနာသွားမယ်လို့ စီးပွားကူးသန်းဌာန အမြဲတမ်းအတွင်းဝန်က သတင်းမီဒီယာတွေ ကို ပြောပါတယ်။

“အခုတော့ ရှင်းရှင်းလင်းလင်းသိလာရတယ်။ ဒို့မြန်မာဘက်ကတော့ တင်ပို့တဲ့ ဆန်အရည်အသွေးဟာ ဘာမှ ပြဿနာမရှိဘူး။ သင်္ဘောပေါ်တင်တဲ့အချိန်မှာ ရာသီဥတုကြောင့် မိုးမိသွားတာရှိတယ်။ မိုးမိတော့ အထိုက်အလျောက်တော့ စိုမှာပေါ့နော်။ သင်္ဘောက လမ်းမှာ ကြာတယ်။ ကြာတဲ့အတွက် အရည်အသွေးထိခိုက်တယ်။ ဆိပ်ကမ်းရောက်တဲ့ အခါကြတော့ အရည်အသွေးအရ ဟိုဘက်က ပထမပိုင်းတော့ လက်ခံတယ်တချို့ကို။ နောက်ပိုင်း ဆန်တွေ မှာတော့ လက်မခံတော့ဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ သို့ပေမယ့် တကယ်တင်ပို့တဲ့ ကုမ္ပဏီတော့ မပါဘူး။ ဒီအစည်းအဝေးမှာပေါ့။ သူ့ကိုတော့ သီးသန့်ခေါ်ယူ တွေ့ဆုံမေးမြန်းအပြီးမှ သူတို့ရဲ့ တင်ပြဖြေရှင်းချက်တွေအပေါ် မူတည်ပြီး နောက်ပိုင်းကိစ္စတွေကို ဆက်လက်လုပ်ဆောင်ရမယ်”

အလားတူဖြစ်စဉ် ထပ်မံဖြစ်ပေါ်လာခဲ့ပါက အငြင်းပွားမှုမဖြစ်ပေါ်တော့ဘဲ အလွယ်တကူ အဖြေရှာနိုင်ဖို့နဲ့ ပြည်ပဆန် တင်ပို့မှု လုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းရှင်တွေအကြားမှာလည်း တာဝန်ယူ တာဝန်ခံမှု ပိုမိုအားကောင်းလာစေဖို့အတွက် ဆန်တင်ပို့မှု ကုမ္ပဏီတွေ အနေနဲ့ မိမိတို့ တင်ပို့တဲ့ ပစ္စည်းအပေါ် တိကျတဲ့ အမှတ်သားပြုလုပ်ပြီး တင်ပို့ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌက အကြံပြုပါတယ်။

ဒီကိစ္စ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး သိုလှောင်ထားရှိမယ့် ဂိုထောင်နဲ့ အခြောက်ခံစက်တွေ အလုံအလောက်မရှိတဲ့အပေါ်မှာတော့ သက်ဆိုင်ရာနဲ့ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်နိုင်မယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အကြံပြုပြောဆိုခဲ့ပါတယ်။

စားသုံးဖို့ မသင့်တဲ့ အန္တရာယ်ရှိတဲ့ မြန်မာ့ဆန် တန်ချိန် ၁၈၀၀၀ လောက်ကို အိုင်ဗရီကို့စ်နိုင်ငံ အာဏာပိုင်တွေက ဧပြီ ၁၇ ရက်မှာ ဖျက်ဆီးပစ်ခဲ့တယ်လို့ ဘီဘီစီအာဖရိက သတင်းတပုဒ်မှာ ဖော်ပြခဲ့တာ။

မြန်မာနိုင်ငံထွက် ဒီဆန်တွေကို ပင်လယ်ရေကြောင်းနဲ့ တင်သွင်းလာခဲ့တာဖြစ်ပြီး အာဖရိ ကနိုင်ငံတွေဖြစ်ကြတဲ့ ဂါနာ၊ ဂီနီနဲ့ တိုဂိုစတဲ့နိုင်ငံတွေက ငြင်းပယ်ခဲ့ပြီးနောက် အိုင်ဗရီ ကို့စ်နိုင်ငံကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013