DVB Logo
Home
မြန်မာသတင်း
အကြမ်းစားရက်ပ်တွေနဲ့ အပြိုင်ကြဲပြီး The Voice Myanmar နောက်တဆင့်တက်ခဲ့သည့် ယမုံဇင်ဦး(ရုပ်သံ)
DVB
·
April 23, 2019
အကြမ်းစားရက်ပ်တွေနဲ့ အပြိုင်ကြဲပြီး The Voice Myanmar နောက်တဆင့်တက်ခဲ့သည့် ယမုံဇင်ဦး(ရုပ်သံ)
Donate to DVB

ပရိသတ်အားပေးမှုတွေ ရနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အ ကြမ်းစားရက်ပ်တွေရွတ်ပြီး နောက်တဆင့်တက်သွားခဲ့တဲ့ ပြိုင်ပွဲဝင် ယမုံဇင်ဦးကတော့ Battle Round ယှဉ်ပြိုင်မှုအပြီးမှာ နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

    အသက် ၂၄ နှစ်အရွယ် ယမုံဇင်ဦးဟာ Blind Audition မှာတော့ အဆိုတော် မိစန္ဒီ ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ ပစ်တိုင်းထောင် သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Coach တယောက်ဖြစ်တဲ့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်လောက်ကတည်းက Underground လောကထဲမှာ ရက်ပ်တွေ ရွတ်ပြီး လှုပ်ရှားနေခဲ့တဲ့ သူမက “ညီမ ရက်ပ်ဆိုတာ ကို YC ကို သိစေချင်လို့ပါ”လို့ ပြောခဲ့ သူတယောက်ပါ။

ခုတပတ် Battle Round ယှဉ်ပြိုင်မှုမှာတော့ Team YC အဖွဲ့ထဲက Triz နဲ့အတူ အပြိုင်ကြဲ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

နာမည်ကြီး အမေရိကန် ရက်ပ်ပါအဆိုတော်တယောက်ဖြစ်တဲ့ သီချင်းတပုဒ်ဖြစ် တဲ့ Let’s Go ၊ ရက်ပ်ပါ French Montana နဲ့ အဖွဲ့ သီဆိုပြီး Deadpool ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီ ချင်းတပုဒ်ဖြစ်တဲ့ Welcome to the Party ၊ ACID အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ စတင်ခြင်းစတဲ့ သီချင်းတွေနဲ့ အတူ သူတို့ ၂ ယောက်ရဲ့ အမိုက်စား၊ အကြမ်းစား Rhyme တွေနဲ့ ရေးစပ်ထားခဲ့တဲ့ ရက်ပ်စာသားမြူးမြူးကြွကြွတွေက Coach တွေကိုရော ပရိသတ်တွေကိုပါ ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပါတယ်။

သီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ Coach တွေက မှတ်ချက်တွေ အသီးသီးပေးခဲ့ကြ တာ ဖြစ်ပြီး ကျားပေါက်နဲ့ နီနီခင်ဇော်ကတော့ ယမုံဇင်ဦးဘက်က ပိုအားသာတယ်လို့ မဲ ပေးခဲ့ကြပါတယ်။

ဝါရင့်အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် R ဇာနည်ကတော့ “အစ်ကိုကတော့ ငယ် ငယ်လေးတည်းက ရက်ပ်ပါတွေနဲ့ ကြီးလာတာဆိုတော့ ၂ ယောက်စလုံးရဲ့ ဆိုပုံဆို ပေါက် Rhyme တွေကို ရေလည်သဘောကျပါတယ်။ အဲတော့ ဘယ်သူပဲရရ ကိုယ်က ထောက်ခံပါတယ်”လို့ ပြောခဲ့ပါတယ်။

သူတို့ ၂ ယောက်ရဲ့ Coach တယောက်ဖြစ်တဲ့ ရန်ရန်ချန်းက တယောက်ကို ရွေး ချယ်ရမယ့်အချိန်မှာတော့ ၂ ယောက်လုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ကာ ရက်ပ်သီ ဆိုယှဉ်ပြိုင်မှုမှာ တဖက်ဖက်ကို ထိုးနှက်ရမယ့် Punch လိုင်းတွေက အရေးကြီးပြီး ပိုသိပ် နိုင်တဲ့ ယမုံဇင်ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013