DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 23, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပေါ်ဆန်း (ဆန်)

ပုသိမ်ကုန်စည်ဒိုင်မှာ ပေါ်ဆန်း (ဆန်) တအိတ်ကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံကုန်စည်ဒိုင်မှာ ပေါ်ဆန်း (ဆန်) တအိတ်ကို ၄၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်နဲ့ ဖျာပုံကုန်စည်ဒိုင် ၁၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၆၂၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ (သစ်) တအိတ်ကို ၇၅၀၀၀ ကနေ ၈၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၉၂၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၁၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားတော်ပဲလုံး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၆၆၉၀၀ ကနေ ၇၁၁၀၀ အထိ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးတအိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၃၀၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ (ဗွီတူး)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) က ၅၇ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) တအိတ်ကို ၈၀၁၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိသာကို ၁၆၁၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၆၆၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013