DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ခေတ်ဟောင်းကင်မရာပြပွဲ ပထမဆုံးအကြိမ်ကျင်းပ
DVB
·
April 23, 2019
မန္တလေးတွင် ခေတ်ဟောင်းကင်မရာပြပွဲ ပထမဆုံးအကြိမ်ကျင်းပ
1 / 9
Donate to DVB

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ခေတ်ဟောင်းကင်မရာတွေ စုစည်းပြသတဲ့ ကင်မရာပြပွဲကို ဧပြီ ၂၃ရက် မနက်က  မန္တလေးမြို့တော်ခန်းမမှာ ကျင်းပနေပါတယ်။

မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီပြပွဲမှာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ခေတ်ဟောင်းကင်မရာတွေအပါအဝင် ကင်မရာအမျိုးအစား   ၂၀၀ လောက်ကို ခင်းကျင်း ပြသထားပါတယ်။

ကင်မရာရှာဖွေစုဆောင်းသူ ဦးကျော်သက်မင်းက စီစဉ်ပြုလုပ်တဲ့ ဒီပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အထက်မြန်မာပြည် ဓာတ်ပုံအသင်းမှ တာဝန်ရှိသူတွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။

ခေတ်ဟောင်းကင်မရာပြပွဲမှာ ကင်မရာတွေကို ပြသထားမှုအပြင် ကင်မရာအဆင့်ဆင့် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွေ၊ နှစ်အလိုက်စုဆောင်းထားတဲ့ ကင်မရာတွေ၊ ရှေးခေတ်ရှားပါးကင်မရာတွေရဲ့ ဓာတ်ပုံတွေ၊ ရုပ်ပုံကားချပ်တွေ၊ ဖလင်ကူးဆေး ပြုလုပ်ပုံ ပြကွက်တွေနဲ့ ကင်မရာနဲ့သက်ဆိုင်တဲ့ စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် ပြကွက်တွေကိုလည်း ထည့်သွင်းပြသထားပါတယ်။

မန္တလေး ခေတ်ဟောင်းကင်မရာပြပွဲကို ဧပြီ ၂၃ ရက်ကနေ ၂၅ ရက်အထိ မန္တလေးမြို့တော်ခန်းမတွင် ပြသမှာဖြစ်တယ်လို့ သိရပါတယ်။ ခေတ်ဟောင်းကင်မရာပြပွဲကို ရန်ကုန်မှာလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ခုမန္တလေးမှာ သွားရောက် ခင်းကျင်းပြသတာ ဖြစ်ပါတယ်။

 

သတင်း- သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013