DVB Logo
Home
မြန်မာသတင်း
ဆေးခြောက်အာနိသင်ပါ ချဉ်ပေါင်လျှော်နွယ်ဝင် အပင်ပေါင်း ၃ သိန်းခွဲခန့် စစ်ဆေးတွေ့ရှိ
DVB
·
April 23, 2019
ဆေးခြောက်အာနိသင်ပါ ချဉ်ပေါင်လျှော်နွယ်ဝင် အပင်ပေါင်း ၃ သိန်းခွဲခန့် စစ်ဆေးတွေ့ရှိ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းမှာ ဆေးခြောက်စိုက်ခင်း တွေ ဧက ၅၀လောက် စိုက်ပျိုးနေတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက မနေ့ညနေက သွားရောက်စိစစ်ခဲ့တယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ဆေးရာမှာ အဆိုပါစက်မှုဇုန်မှာ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက် အာနိသင် ပါရှိတယ်လို့ ယူဆရတဲ့  စိုက်ခင်း ၆၀ ဧကခန့်၊ အလျား ၁၂၀ ပေ အနံ ၂၀ ပေရှိ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါဂိုထောင်အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ်ခန့်နဲ့ အစေးကုန်ချော ၁ ကီလိုခန့်  စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်(၃၇)နှစ်နဲ့ မရွှန်းလဲ့မြတ်နိုး(၂၂)နှစ်တို့ကို မေးမြန်းရာ ပြီးခဲ့တဲ့နှစ်မေလလောက်က  စိုက်ခင်း ၆၀ ဧကခန့်ကို အမေရိကန်နိုင်ငံသား ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးဖို့အတွက်ဆိုပြီး မန္တလေးမြို့သာစက်မှုဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (MMID)ထံမှာ ငှားရမ်းလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။

ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိတယ်လို့ ယူဆရတဲ့ အပင် ဧက၂၀ ခန် (အမြင့် ၃/၆ ပေခန့်၊ သက်တမ်း ၄ လခန့်ရှိ  အပင်ပေါင်း ၃၄၉၂၉၀ ပင်စိုက်ပျိုးထားရှိကြောင်း အမေရိကန်နိုင်ငံသား သောမတ်စ်နဲ့ အလက်ဇနြားတို့က အမေရိကန်နိုင်ငံသို့ ပြန်သွားကြောင်း ဂျွန်ဖက်ဒရစ်ကတော့ အောင်မြေသာစံမြို့နယ်ရှိ မာကျူရီ ဟိုတယ်မှာ တည်းခို နေထိုင်ပြီး ကားနဲ့ စိုက်ခင်းသို့ နေ့ချင်းပြန် လာရောက်လေ့ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက်က အဆိုပါ စိုက်ခင်းနေရာကို သွားရောက်စစ်ဆေးခဲ့ သူတွေထဲမှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ဦးစီးတဲ့အဖွဲ့ဝင်တွေ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒ ဝန်ရုံးခွဲ(မန္တလေး)မှ ဒုညွှန်ကြားရေးမှူး ဒေါ်သန်းသန်းကြည်၊ မြင်းခြံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်တို့ပါ ပူးပေါင်းအဖွဲ့တွေ ပါဝင်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-MOH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013